www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2012

" မြန်မာ့ရိုးရာ ဒေသထွက် အစားအစာများ " ဈေးရောင်းပွဲ ကျင်းပပြုလုပ်



ရန်ကုန် ၊ ၂၈-၁၁-၂၀၁၂

မြန်မာပြည် အနယ်နယ် အရပ်ရပ် ရှိ ဒေသထွက် အစားအစာ များကို တစ်နေရာတည်း ၀ယ်ယူနိုင်မည့် " မြန်မာ့ရိုးရာ ဒေသထွက် အစားအစာများ " ဈေးရောင်း ပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် ရှိ Ocean Super Center ဆိုင်ခွဲများတွင် ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

" မြန်မာ့ရိုးရာ ဒေသထွက် အစားအစာများ " ဈေးရောင်းပွဲတော် တွင် အညာဒေသ ထွက်ကုန် များ ဖြစ်သော ကရေကယာ ၊ အုန်း ၊ ဇီး ၊ ပေါက်ပေါက် ၊ ရှမ်းပြည် နယ် မြောက် ပိုင်း နှင့် တောင် ပိုင်း ဒေသထွက်ကုန် ဖြစ်သော ပဲပုတ် ၊ ခေါပုတ် ၊ တောင်ကြီး ပဲလှော် ၊ အင်းလေး ရိုးရာ ၊ ပုဇွန်ဖွဲကြော် ၊ ၀က်သားချဉ် ၊ ငါးထမင်းချဉ် ၊ မန္တလေး နာမည်ကြီး အစားအစာ ဖြစ်သော မြင့်မြင့်ခင် ထိုးမုန့် ၊ လမုန့်များ ၊ ရှယ်သီးစုံ ထိုးမုန့် ၊ မြိတ်ဒေသ အစားအစာ ဖြစ်သော သာခွေယိုင် ၊ မုန့်ကလားမဲ ၊ မြစ်ဝကျွန်းပေါ် ဒေသ အစားအစာ ဖြစ်သော ရွှေမြင်းပျံ ဟာလ၀ါ (အစို ၊ အခြောက်) နှင့် မြောင်းမြ မုန့်ဟင်းခါး စသည်တို့ ကို ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger