www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 5, 2013

မွေးမြူရေး ပစ္စည်းဈေးကွက်တွင် တိရစ္ဆာန် အစားအစာ အရောအနှောများ ပေါ်နေ


ရန်ကုန် ၊ ၅-၆-၂၀၁၃

စိုက်ပျိုးရေး သုံးပစ္စည်း ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ဓာတ်မြေသြဇာ များမှာ အတုများ ပေါ်ပေါက် နေသကဲ့သို့ မွေးမြူရေး ပစ္စည်း ဈေးကွက် အတွင်းရှိ တိရစ္ဆာန် အစားအစာ များတွင်လည်း အရောအနှော များ ပေါ်ပေါက် နေကြောင်း မွေးမြူရေး လုပ်ငန်းရှင် များထံမှ သိရသည်။

လက်ရှိတွင် မွေးမြူရေး အစာ ကုန်ကြမ်း ဈေးနှုန်းများ တက်နေပြီး မွေးမြူရေး အစားအစာ များတွင် စပါးကြိတ်ခွဲ ရာမှ ထွက်သော ဖွဲ့များနှင့် ရောနှော ရောင်းချ ခြင်းများ ဖြစ်ပေါ် နေကြောင်း သိရသည်။

" ကျွန်တော် တို့မှာ စိုးရိမ်စိတ်က နှစ်နေရာ ဖြစ်နေရ ပါတယ် ၊ တရုတ် နယ်စပ် ကို ဖွဲနုတင်ပို့မှု မြင့်တက် လာတော့ မွေးမြူရေး အစာဈေးနှုန်း တွေ မြင့်တက် လာမှာကို စိုးရိမ် နေရသလို ကျွန်တော်တို့ သုံးနေတဲ့ ၀က်စာ ဖွဲနုတွေ ထဲမှာ စပါးခွံ ကြိုတ်ရာက ထွက်လာတဲ့ ဖွဲကြမ်းတွေ ရောနှော ထည့်ထားတာ လည်း ခံနေရတယ် ... " ဟု ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာ မြို့နယ်မှ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။


စပါးခွံ ကြိတ်ခွဲရာတွင် နွားစာဖွဲ ၊ ၀က်စာဖွဲ နှင့် ရောနှောရန် အကြမ်း ကြိမ်ခွဲခြင်း ၊ ဖွဲ့နု နှင့် ရောစပ်ရန် အနုဆုံး အမှုန့်ဆုံး ကြိတ်ခွဲ၍ ဖွဲကြမ်း ၊ ဖွဲနုများ နှင့် ရောနှော၍ ဈေးကွက် အတွင်း တင်သွင်းမှုများ ရှိနေကြောင်း သိရှိရသည်။

မော်ဒယ်လ် ဆုမြတ်စန္ဒီလင်း နှင့် ခဏတာ

၅-၆-၂၀၁၃

ယနေ့ ခေတ်စားနေတဲ့ ကိုရီးယား မင်းသမီးငယ် များလို ဖြူစင်တဲ့ အသားအရေ ၊ ချစ်စဖွယ် ရုပ်သွင် နဲ့ Show ပွဲ တော်တော် များများမှာ ထူးထူးခြားခြား ပေါ်လွင်နေပြီး ရုပ်/သံ အစီအစဉ် တွေမှာလည်း မကြာခဏ တွေ့မြင် နေရတဲ့ ဆုမြတ်စန္ဒီလင်း နဲ့ ခဏတာ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ ပါတယ်။

( လတ်တလော ညီမရဲ့ အနုပညာ လှုပ်ရှားမှုလေး သိချင်ပါတယ် )

ဒီရက်ပိုင်း ညီမ မြ၀တီ ရုပ်မြင်သံကြား ရဲ့ ကဏ္ဍသစ် Quiz Box အစီအစဉ် ရိုက်ထား ပါတယ် ၊ MRTV-4 မှာ အစီအစဉ် ကဏ္ဍ လေးတွေ တော်တော် များများ ရိုက်ဖြစ် ပါတယ် ၊ တစ်နေ့ကပဲ Beauty Beauty Saloon မှ ကဏ္ဍလေး တစ်ခု ရိုက်ဖြစ် သေးတယ် ၊ ပြီးတော့ ဆိုင်ဖွင့်ပွဲတွေ တက်ဖြစ်တယ် ၊ ငွေဆောင် မှာ MTV တွေ VCD တွေ သွားရိုက်ဖို့ ကမ်းလှမ်း ထားတာ ရှိပါတယ် ၊ သေတော့ မသေချာ သေးပါဘူး ၊ မိုးတွင်းဆိုတော့လေ ...

( အနုပညာ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ညီမရဲ့ ၀ါသနာက )

ညီမ အဓိက Photo Model ကို ပိုအားသန် တယ် ၊ Photo Model အနေနဲ့ Fashion ကျကျ ၀တ်စားပြီး ဓာတ်ပုံ ရိုက်ခံ ရတာကို ပျော်တယ် ၊ ဒါကြောင့် အင်တာနက် ကနေ ဓာတ်ပုံတွေ အမြဲ လေ့လာတယ် ၊ သရုပ်ဆောင် တစ်ယောက် ဖြစ်ဖို့ ကတော့ လေ့လာမှု အပိုင်းမှာ တော်ရုံနဲ့ မရသလို ဘ၀နဲ့ ချီပြီး ခံယူချက်တွေ ပြင်းပြဖို့ လိုအပ်တယ် ၊ ဒီအလုပ်က ဟိုမရောက် ဒီမရောက် လည်း လုပ်လို့ မရဘူးလေ ၊ ဒါကြောင့် လတ်တလော အခြေအနေ တစ်ခုမှာတော့ သရုပ်ဆောင် တစ်ယောက် လုပ်ဖို့ အဆင်သင့် မဖြစ်သေး ပါဘူ ...

( ဒါဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားနဲ့ မော်ဒယ်လ် တစ်ယောက် အဖြစ် ရပ်တည် နိုင်ပြီလား )

ဈေးကွက် အနေနဲ့ ဆိုရင်တော့ ရပ်တည်ဖို့ အခြေအနေ မပေးနိုင် သေးပါဘူး ၊ သိပ် မကျယ်ပြန့် သေးဘူး ပေါ့နော် ၊ တစ်ချို့ တလေ ကတော့ Model only တစ်ခုတည်း နဲ့ ရပ်တည် နေကြတာ တွေရှိပါတယ် ၊ မကြာတော့တဲ့ ကာလ တစ်ခုမှာတော့ ဖြစ်လာ နိုင်မှာပါ ၊ ဘာလို့လဲ ဆိုတော့ ညီမတို့ ရှေ့မှာတင် အခု တစ်နှစ် နှစ်နှစ် အတွင်းကို မော်ဒယ်လ် လောက တိုးတက် ပွင့်လင်း လာသလို လူငယ် တွေကလည်း အရင်ကလို ၀ါသနာရှင် အဆင့်နဲ့ တင် ရပ်မနေ ကြတော့ဘဲ အလုပ် တစ်ခုကို လုပ်ကိုင်ဖို့ ရွေးချယ် လာတာ တွေ့ရပါတယ် ... ။


စန္ဒာအောင် (မြစ်ဆုံ)

မြ၀တီနေ့စဉ်သတင်းစာ (၅-၆-၂၀၁၃) ဗုဒ္ဓဟူးနေ့


Download = Scribd
Download = ShareBeast


Tuesday, June 4, 2013

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၉)


Download = Scribd
Download = Minus

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၉)

( ၄-၆-၂၀၁၃ ရက်နေ့ထုတ် )


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger