www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 4, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards တို့
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်



နေပြည်တော် ၊ ၄-၆-၂၀၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်ရှေ့ ၌ မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ လာသော  ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards အား ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့သည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊
ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိ ကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ တက်ရောက် ကြပြီး  ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ ဗြိတိန် နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn နှင့် စစ်သံများ ၊ ဗြိတိန် နိုင်ငံ တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards သည် ဂုဏ်ပြု ကြိုဆိုပွဲ ကျင်းပ ပြုလုပ်မည့် ဇေယျာသီရိ ဗိမာန်သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိ လာရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရင်းနှီး ခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်  ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်း ကို ခံယူသည်။

ထိုအချိန်တွင် တပ်မတော် စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်း များအား ဂုဏ်ပြု တီးမှုတ်သည်။ ၄င်းနောက် ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အခမ်းအနား သို့ တက်ရောက် လာကြသည့် ဗြိတိန်နိုင်ငံ တပ်မတော် မှ အရာရှိကြီး များနှင့် မိတ်ဆက်ပေးသည်။


အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကလည်း ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် အား အခမ်းအနား သို့ တက်ရောက် လာကြသည့် တပ်မတော် အရာရှိ များနှင့် ပြန်လည် မိတ်ဆက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၄-၆-၂၀၁၃) အင်္ဂါနေ့


Download = Scribd
Download = Minus

Monday, June 3, 2013

ရုပ်ရှင်ဆိုတဲ့ သရုပ်ဆောင် ပညာမှာ နက်နဲသိမ်မွေ့မှု တွေရှိတယ် ဆိုတဲ့ မော်ဒယ်လ် သရုပ်ဆောင် နှင်းပွင့်ကိုကို

၃-၆-၂၀၁၃

ရာမညသူ တစ်ဦးဖြစ်ပြီး မွန်ပြည်နယ် ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်တဲ့ နှင်းပွင့်ကိုကို နဲ့ ပရိသတ်ကို မိတ်ဆက် ပေးလိုက် ပါတယ်။ လက်ရှိမှာ မော်လမြိုင် ကနေ ရန်ကုန် မော်ဒယ်လ် လောက ၊ သရုပ်ဆောင် လောကထဲ ခြေချလာ ခဲ့တဲ့ မော်ဒယ်လ် သရုပ်ဆောင် နှင်းပွင့်ကိုကို နဲ့ ခဏတာ တွေ့ဆုံ ဖြစ်ပါတယ်။

( လတ်တလော လှုပ်ရှားမှု )

ဒီရက်ပိုင်း ညီမ မြ၀တီ ရုပ်/သံ ရဲ့ အစီအစဉ်သစ် Quiz Box အစီအစဉ်လေး ရိုက်ထား ပါတယ် ၊ ပြီးတော့ ကားရုက် ပြောထားတာ ရှိတယ်။ မသေချာ သေးပါဘူး ၊ မြန်မာ ၀တ်စုံနဲ့ ပတ်သက်ပြီး ဖက်ရှင် ကတ်တလောက် နဲ့ ဒီဇိုင်နာ ကဏ္ဍလေး တွေကလည်း အများကြီး ရိုက်ဖြစ်ပါတယ် ၊ ဟိုရက်ပိုင်းက ရှိုးပြိုင်ပွဲ တစ်ခု ၀င်ဖြစ်ရင်းနဲ့ ပင်ပန်းပြီး ဖျားသွားလို့ ခဏ အနားယူ နေရတယ် ၊ ခုတော့ သက်သာ သွားပါပြီ ၊ ဒီလထဲမှာ ဗီစီဒီ လေးတွေ ရိုက်ဖို့ ရှိပါတယ်။

( ဖြစ်ချင်တာက .. )

တစ်နေ့မှာ ထိပ်တန်း စာရင်းဝင် မဟုတ်ရင်တောင် ပရိသတ် တွေက မြင်လိုက်တာနဲ့ ဒါ .. နှင်းပွင့်ကိုကို ဆိုတာလေး သိနေတယ် ဆိုရင် ကျေနပ် ပါတယ် ၊ ညီမက အရမ်းတော့ လောဘ မကြီး ပါဘူးနော် ။

( နားလည် လက်ခံထားတဲ့ အနုပညာ ဆိုတာက ..  )

ညီမ လေ့လာရ သလောက်တော့ အနုပညာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားမှုက အမျိုးမျိုး ရှိကြတယ် ၊ အများ သိကြတဲ့ ဂီတ ၊ ရုပ်ရှင် ၊ စာပေ ပေါ့နော် ၊ အဲ့ဒီထဲမှာမှ ညီမက ရုပ်ရှင် ကို ပိုပြီးတော့ ၀ါသနာ ပါတယ် ၊ ရုပ်ရှင် ဆိုတာရဲ့ နောက်မှာ အလွန် နက်နဲ သိမ်မွေ့တဲ့ သရုပ်ဆောင်မှု ပညာတွေ ရှိတယ် ၊ ခက်ခဲ လွန်းတယ် ၊ ၀ီရိယ ရှိရတယ် ၊ ဒါ့ကြောင့် လွယ်လွယ်နဲ့ ရယူ ဆုပ်ကိုင် ပိုင်နိုင်ဖို့ မလွယ်ဘူးလို့ မြင်ပါတယ်။


စန္ဒာအောင် (မြစ်ဆုံ)

မြ၀တီနေ့စဉ်သတင်းစာ (၃-၆-၂၀၁၃) တနင်္လာနေ့


Download = Scribd
Download = Minus




Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger