www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 1, 2013

အာဖဂန် ပဋိပက္ခအရေး ဆွေးနွေးရန် နေတိုး အတွင်းရေးမှူးချုပ် အမေရိကန် သွားမည်

နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန်

၁-၆-၂၀၁၃

နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန် သည် အာဖဂန် နစ္စတန် အရေးကိစ္စ နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ဆွေးနွေးရန် အမေရိကန် နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း နေတိုး အဖွဲ့ က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒါဖို့ ရက်မူဆန် သည် အဆိုပါ ၂ ရက်ကြာ အလည်အပတ် ခရီးတွင် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ကွန်ဒိုနီလွန် ၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး သွားမည်ဟု သိရသည်။ သမ္မတ အိုဘားမား သည် အာဖဂန် ပဋိပက္ခအား အင်ဒါဖို့ ရက်မူဆန် နှင့် ဆွေးနွေး တိုင်ပင်ရန် စီစဉ် ခဲ့ကြောင်း အိမ်ဖြူတော် က ယခု ရက်သတ္တပတ် အတွင်းတွင် ပြောကြား ခဲ့သည်။

တာလီဘန် နှင့် အယ်လ်ကိုင်ဒါ တို့သည် ၁၀ နှစ်ကျော်ကြာ စစ်ပွဲ ပြီးသည့် နောက်တွင်လည်း ၄င်းတို့၏ ခြိမ်းခြောက်မှုများ ဆက်လက် ရှိနေခဲ့ကြောင်း အိုဘားများ က အမျိုးသား လုံခြုံရေး ဆိုင်ရာ မိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ပါကစ္စတန် နှင့် နေတိုးအဖွဲ့ တို့သည် စစ်ဘက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့် ခဲ့ကြောင်း နေတိုး တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။ အမေရိကန် ၏ မောင်းသူမဲ့ လေယာဉ် တစ်စီး၏ တိုက်ခိုက်မှုကြောင့် ယခု ရက်သတ္တပတ် အတွင်း၌ ပါကစ္စတန်ရှိ တာလီဘန် အဆင့်မြင့် ခေါင်းဆောင် တစ်ဦး သေဆုံး ခဲ့သည်ဟု သိရှိရသည်။

တောင်ကိုရီးယား နှင့် အမေရိကန် ကြည်းတပ် တို့သည် မြစ်ကူး စစ်ဆင်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့


၁-၆-၂၀၁၃

တောင်ကိုရီးယား နှင့် အမေရိကန် ကြည်းတပ် တို့သ် မြောက်ကိုရီးယား နယ်နိမိတ် အနီး တောင်ကိုရီးယား နိုင်ငံ၏ Yeoncheon စီရင်စု ရှိ Imjin မြစ်ပေါ်တွင် တင့်တယ်ရေယာဉ် များကို အသုံးပြု၍ မြစ်ကူး စစ်ဆင်ရေး ပူးတွဲ စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိ သူများက မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု NEWS now သတင်းတပုဒ် အရ သိရသည်။

အဆိုပါ မြစ်ကူး စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ ကျော် နှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၉၅ ဦး ပါဝင် လေ့ကျင့် ခဲ့ပြီး တင့်ကားများ နှင့် သံချပ်ကာယာဉ် များ Imjin မြစ်ကို ဖြတ်ကူးရန် အတွက် ယာယီ တင့်သယ် ရေယာဉ်များကို အသုံးပြု ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း သည် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ မြစ်ကူး စစ်ဆင်နိုင်စွမ်း ကို မြှင့်တင်ရန် နှင့် စစ်အင်နီယာ တပ်ဖွဲ့၏ အထောက်အကူ ပေးနိုင်စွမ်း ကို အမြင့်ဆုံးထိ မြှင့်တင် နိုင်ရန် တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကြည်းတပ် ၏ အမှတ်(၆) အင်ဂျင်နီယာ တပ်မဟာမှ မြစ်ကူးတပ်ခွဲ တပ်ခွဲမှူး Song Bongkyu က ပြောကြား ခဲ့သည်။


ထို့အပြင် အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တွင် နှစ်နိုင်ငံမှ တင့်ကား ၁၄ စီးနှင့် သံချပ်ကာ ယာဉ် ၁၆ စီး ပါဝင် လေ့ကျင့် ခဲ့ကြောင်း နှင့် ၄င်း လေ့ကျင့်ခန်း သည် ၁၀ နှစ်နီးပါး ကာလအတွင်း နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ အတွက် ပထမဆုံး အကြိမ် ပြုလုပ်သည့် အကြီးစား  မြစ်ကူး လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၁-၆-၂၀၁၃) စနေနေ့


Download = Scribd
Download = Minus


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger