www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊  သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ
ဘားအံ   နိုဝင်ဘာ  ၇ 
-
(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟင်းသီးဟင်းရွက်၊  သစ်သီး ဝလံနှင့် ပန်းမန် ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် ကရင်ပြည်နယ် ဘားအံမြို့သီရိကွင်း အတွင်းရှိ စိုက်ပျိုးရေး ပြခန်း၌ ကျင်းပသည်။
-
ဆုပေးပွဲ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီး ချုပ်  ဦးစောစံလင်းတို့က ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် များမှ (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်  ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲတွင်  ဆုရရှိကြ သူများအား ဆုများပေးအပ်ကြသည်။
-
အဆိုပါပြိုင်ပွဲကို (၆၃)နှစ်မြောက်  ကရင် ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်   ကရင် ပြည်နယ်အတွင်း    စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်ရွယ်၍ ထည့်သွင်း ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူ တောင်သူ ၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ သီးနှံ အမျိုးအစားအလိုက် ဆု ၁၃၁ ဆု တန်ဖိုးငွေ ကျပ် ၃၅သိန်းကျော်ကို ဆုရွေးချယ် ရေးအဖွဲ့မှ စနစ်တကျ အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ ရွေးချယ် ကာ ဆုများ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
နေမျိုးလွင် (ပြန်/ဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger