ရန်ကုန် ၊ ၂၉-၉-၂၀၁၃
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန်
နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့်
စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ
သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ်
ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော
အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး
မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။
" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ
ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့်
အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့
ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ်
၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း
သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ
မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့
ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား
ခဲ့သည်။
လျှောက်ထားသူ မြန်မာနိုင်ငံ သားများ
အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။
အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ
အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job
Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။
လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို
အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ
လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ်
ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး
၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး
DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ
သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး
ဝင်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။