www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

ဒေသတွင်းပရီကာဆာ ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့်ညီလာခံကျင်းပ

ဒေသတွင်းပရီကာဆာ ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့်ညီလာခံကျင်းပ
နေပြည်တော် နိုဝင်ဘာ ၇ 
-
ဒေသတွင်းပရီကာဆာထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အဆင့်ညီလာခံ (High-Level Regional Conference on Precursor Control)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပသည်။
-
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေးလုပ်ငန်းများ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက် ရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရတို့ ပူးပေါင်း၍ အာဆီယံ-တရုတ်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် (ACCORD) မူဘောင်၏ ထောက်ပံ့မှုများနှင့်အတူ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ အကူအညီဖြင့် ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် အရာ ရှိကြီးများ အဆင့်ညီလာခံကို ယခုကဲ့သို့ကျင်းပခြင်းဖြစ်ကြောင်း၊ ရွှေတြိဂံဒေသအတွင်း မူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု၊ ပရီကာဆာ ဓာတုပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှုတို့ကို တိုက်ဖျက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် Safe Mekong Coordination Center (SMCC) ကိုလည်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေ ဖြင့် ကမ္ဘာ့လူသား မျိုးနွယ်စု တစ်ရပ်လုံးအား ဒုက္ခရောက်စေသလို မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်ကို အရှိန်အဟုန်မြှင့် တားဆီးကာကွယ်ရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ ၂ဝ၁၈ ခုနှစ် ဇွန် ၂၂ ရက်မှစတင်၍ နိုင်ငံတော် သမ္မတရုံးတွင် မူးယစ်ဆေးဝါး အထူးသတင်း ပေးတိုင်ကြားရေးဌာနကို ဖွင့်လှစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အထူးအလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် UNGASS အစည်းအဝေး၏ လုပ်ငန်း အကြံပြုချက်များနှင့်အညီ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှစတင်ပြီး အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် တစ်ရပ်ပေါ် ထွက်လာရေးအတွက် လမ်းပြမြေပုံချမှတ်ကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် တစ်ရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ခဲ့ရာ ယင်းအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အစိုးရနှင့် ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဘိန်းစိုက်ပျိုးမှု အပိုင်းမှာ ၂ဝ၁၇ ခုနှစ် အတွင်း ဟက်တာ ၅၅ ဒသမ ၅ဝဝ မှ ၄၁ အထိ ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး ဘိန်း ထုတ်လုပ်မှု အပိုင်းတွင်လည်း ၆၄၇ မက်ထရစ်တန်မှ ၅၅ဝ မက်ထရစ်တန်အထိ ၁၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း ပြောကြားသည်။
-
အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ ဖြစ်ကြသည့် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းနှင့် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဖိတ်ကြားထားသည့် ရဲအရာရှိကြီးများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးနှင့် ထိန်းချုပ် ဓာတုပစ္စည်း ကြီးကြပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ UNODC ရုံး၏ ဌာနေကိုယ်စား လှယ် Mr.Jeremy Douglas နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံနှင့် UNODC တို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြ သည်။
-
အဆိုပါ ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ် ဆောင်ရောင်းဝယ်မှု အခြေအနေများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပရီကာဆာနှင့် ၎င်းတို့ ဆက်စပ်သည့် အခန်းကဏ္ဍများ၊ နိုင်ငံအလိုက် ပရီကာဆာ ထိန်းချုပ်ရေးနှင့် သယ်ဆောင် ရောင်းဝယ်မှု အခြေအနေများ၊ နယ်စပ်ဒေသများ ဖြတ်ကျော်ပြီး ပရီကာဆာ စီးဆင်းနေမှု၊ ဒေသတွင်း ပရီကာဆာဓာတု ပစ္စည်းသယ်ဆောင်ရောင်းဝယ်မှုနှင့် ပတ်သတ်သည့် လုပ်ထုံး လုပ်နည်းများ တိုးတက်လာမှု အခြေအနေများ၊ မူဝါဒဆိုင်ရာ ချမှတ်နိုင်မည့် အချက်များနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဆင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း ဆိုင်ရာလုပ်ငန်း များ၊ ပြည်သူလူထု၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပရီကာဆာသတင်း ဖလှယ်ခြင်းများ၊ လက်တွေ့ လုပ်ဆောင်နိုင်မည့် ဒေသတွင်း မဟာဗျူဟာများ၊ အနှစ်ချုပ် ရလဒ်များကို သုံးသပ်ဆွေးနွေး အတည်ပြုခြင်းများ ဆွေးနွေးကြပြီး ညီလာခံကို နိုဝင်ဘာ ၉ ရက် အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
လင်းကြည်လင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger