www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအားဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ အင်းစိန်မြို့နယ်၌ ပြုလုပ်

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအားဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ အင်းစိန်မြို့နယ်၌ ပြုလုပ်
ရန်ကုန် နိုဝင်ဘာ ၇
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်မှ စစ်မှုထမ်းဟောင်းများက အောက်မင်္ဂလာဒုံလမ်းရှိ အင်းစိန်မြို့နယ် စစ်မှုထမ်း ဟောင်းရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
''ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ တပ်မတော် ထောက်ခံပွဲက အင်းစိန်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေနဲ့ အရန် အဖွဲ့ဝင်တွေက တို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး အမှန်တရား ဘက်က ထာဝရ ရပ်တည်နေတဲ့ တပ်မတော်ကို ဖိအားပေးတဲ့ ပြည်ပနိုင်ငံတွေနဲ့ တခြား အဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပြီး မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံတဲ့ပွဲဖြစ် ပါတယ်'' ဟု အင်းစိန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးစိုးနိုင်ဦး(ငြိမ်း)က ပြောသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် အင်းစိန်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂၆ဝ ဦးက နိုင်ငံ တော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက် သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့် ကျင် ရှုတ်ချသည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ် စွာဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၁၈ ကြိမ် စုစုပေါင်းအင်အား ၆၅၃၉၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ မည်ဖြစ် ကြောင်း သိရသည်။
-
ကောင်းကောင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger