www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေး အာဏာ လွှဲအပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၂)

၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ 
ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီးဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်ခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်၊ အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၆/၂ဝ၁၅) ၏ အပိုဒ်(၁)နှင့် (၂)တို့အရ ကျွန်ုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဆက်လက် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း၊ စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျင့်သုံး ဆောင်ရွက်ရန် ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင် အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) အား ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်၊ အင်္ဂါနေ့မှ အစပြု၍ လွှဲအပ် လိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger