www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2018

ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
-
နေပြည်တော် အောက်တိုဘာ ၂၆
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များအား နှစ်စဉ် သီတင်းကျွတ်ပွဲတော်၌ ပြုလုပ် လေ့ရှိသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်ရှေ့၌ ပြုလုပ်ရာ သီရိမင်္ဂလာကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တကုမာရအမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြသည်။
-
အဆိုပါဆွမ်းလောင်းလှူပွဲတွင် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများက မြို့တွင်းဘုန်းတော်ကြီး ကျောင်း ၁၄ ကျောင်းမှ သံဃာတော် ၃၅ဝ ပါးတို့ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger