www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2018

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ဒလမြို့နယ်ရှိ သာသနာ့ဇောတိကကျောင်းတိုက်တို့၌ သန့်ရှင်းရေးပြုလုပ်

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ဒလမြို့နယ်ရှိ သာသနာ့ဇောတိကကျောင်းတိုက်တို့၌ သန့်ရှင်းရေးပြုလုပ်
-
နေပြည်တော် အောက်တိုဘာ ၂၆
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင် တပ်နယ်မှ တပ်မတော်သားများက ကျောင်း ဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက် များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရန် ရေမြောင်းများပြန်လည်တူးဖော်ပေးခြင်း၊ မြေနိမ့်သောနေရာများ၌ မြေဖို့ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေး သည်။
-
အလားတူ ဒလမြို့နယ်၊ သပြေကုန်း ကျေးရွာရှိ သာသနာ့ဇောတိကကျောင်းတိုက် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ဒလတပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း တို့ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger