www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 9, 2018

TCEB နှင့် ဗန်ကောက် လေကြောင်းလိုင်း တို့၏ မြန်မာ့စီးပွားရေး ခရီးသွားများအတွက် ပူးတွဲပရိုမိုးရှင်း မိတ်ဆက်



ရန်ကုန် ၉-၅-၂ဝ၁၈

ထိုင်းနိုင်ငံ ဆိုင်ရာပြပွဲနှင့် ညီလာခံဌာန (TCEB) နှင့် ဗန်ကောက်လေကြောင်း လိုင်းတို့၏ မြန်မာနိုင်ငံရှိ CLMV မှ စီးပွားရေး ခရီးသွားများ အတွက် Fly and Meet Double Bonus အမည်ဖြင့် ပူးတွဲပရိုမိုးရှင်း မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပွဲမှ ထိုင်းနိုင်ငံရှိ အချက်အချာကျသော မြို့ကြီးငါးမြို့နှင့် တခြားမြို့တို့ကို စီးပွားရေးဆိုင်ရာ အစည်းအဝေးနှင့် ဝန်ထမ်းခရီးစဉ် များအတွက် အနည်းဆုံး ခရီးသည် ၅ဝ ဦး ပါဝင်သောအဖွဲ့အဖြစ် ပျံသန်းခြင်းဖြင့်ပူးတွဲပရိုမိုးရှင်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် CLMV ဈေးကွက်မှ နိုင်ငံများနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံကို နည်းစနစ် တကျဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ ဗန်ကောက် လေကြောင်းလိုင်းနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည့် အပြင် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက လုပ်ငန်းများနှင့် နီးကပ်စွာလုပ်ဆောင် ခြင်းသည် TCEB ၏ သတ်မှတ်ထားသော မူဝါဒဖြစ်ပြီး CLMV စီးပွားရေး လုပ်ငန်းဆိုင်ရာ ခရီးသွားများ ဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ်က ၂၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ဆက်လက်တိုးတက် လာမည်ဟု မျှော်လင့်ကြောင်း TCEB ဥက္ကဋ္ဌရုံးဌာနမှ ဒါရိုက်တာ Mr.Puripan Bunnag ကပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ ပြပွဲနှင့် ညီလာခံဌာန (TCEB) နှင့် ဗန်ကောက် လေကြောင်းလိုင်းတို့ ပူးပေါင်း၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ် (CLMV) ဈေးကွက်များမှ ထိုင်းနိုင်ငံသို့ စီးပွားရေးဆိုင်ရာ အစည်းအဝေးနှင့် ဝန်ထမ်းခရီးစဉ်များ လာရောက်ကျင်းပခြင်းကို မြှင့်တင်ရန် ယင်းအစီအစဉ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger