www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 10, 2018

လားရှိုးမြို့တွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ပန်းဂေါ်ဖီပွင့်များ ရောင်းပန်းမလှဖြစ်



လားရှိုး ၁ဝ-၁-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ဒေသခံများ စိုက်ပျိုးသော ပန်းဂေါ်ဖီများသည် အပွင့်များပေါ်ချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပန်းပွင့်များတွင် အမည်းစက်များ ပေါ်လာပြီး ရောင်းပန်းမလှဖြစ်ကာ ဈေးကွက်အတွင်း ဈေးနှုန်းရရှိမှု နည်းပါးနေကြောင်း လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာမှ ဒေသခံတောင်သူ ဦးအိုက်စံထံမှ သိရသည်။

လားရှိုးမြို့နယ်တွင် ရာသီအလိုက် သီးနှံများစိုက်ပျိုးကြပြီး ဟူးမွန်ဆည်အောက်ရှိ လယ်ကွင်းများ၌ စပါး၊ ပဲ အမျိုးမျိုး၊ ကြက်သွန်ဖြူနှင့် အခြားသီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်ပန်းဂေါ်ဖီ စိုက်ပျိုးသူများအနေဖြင့် နောက်ပိုင်းမိုးရွာသွန်းသောကြောင့် ပန်းဂေါ်ဖီအပွင့်များမှာ အမည်းစက်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံတွေ ပျက်စီးတာများတယ်။ မိုးကလဲအချိန်အခါမဟုတ် ရွာလိုက်တော့ ကြက်သွန်ဖြူ စိုက်ခင်းတွေတောင် ပျက်စီးလို့ ထပ်စိုက်ရပါတယ်။ ပန်းဂေါ်ဖီအပွင့်တွေမှာဆို ပိုးမကျဘဲအမည်းစက်တွေ ပေါ်တာများနေတယ်။ အရောင်လဲ သိပ်မလှတော့ဈေးကလဲ သိပ်မရပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပန်းဂေါ်ဖီဈေးနှုန်းများ အနေဖြင့် ယခင်နှစ်များက အပွင့်လှပါက တစ်ပွင့်လျှင် ငွေကျပ် ၇ဝဝ ထိရှိပြီး ဆယ်ပွင့်တစ်တွဲလျှင် ငွေကျပ် ၅၅ဝဝ ထိ ဈေးရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ပန်းဂေါ်ဖီများ အရောင်မလှသဖြင့် တစ်ပွင့်လျှင် အနည်းဆုံးငွေကျပ် ၁၅ဝ မှ ၃ဝဝထိသာ ဈေးရရှိကြောင်း လားရှိုးမြို့ ရပ်ကွက် (၁ဝ) ရှိ ပန်းဂေါ်ဖီရောင်းချသူ ဒေါ်အေးထွန်းက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger