www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 10, 2018

မူဆယ်မြို့နယ်၌ တရားမဝင် တမလန်းသစ်များ သိမ်းဆည်းရမိ



မူဆည် ၁ဝ-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် မော်ကောင်းဘိနယ် (၁ဝ၅) မိုင်၊ ကသရဇုန်အဝင်၊ မိုင်တိုင်အမှတ် (၂၇၃/၄)၌ မော်တော်ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသော တမလန်းသစ်များ သိမ်းဆည်းရမိသဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က မူဆယ်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရသည်။

မူဆယ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ကျော်မိုးဆွေ ဦးစီးအဖွဲ့သည် သက်သေများနှင့် အတူ မူဆယ်မြို့နယ် မော်ကောင်းဘိနယ် (၁ဝ၅) မိုင်၊ ကသရဇုန်အဝင် မိုင်တိုင်အမှတ် (၂၇၃/၄)၌ လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း ဥက္ကာကျော် (ဘ) ဦးမျိုးကျော်၊ ဟိုမွန်ရပ်ကွက် မူဆယ်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် MDY 9J/---- TOYOTA CROWN အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ တမလန်းဓားရွေတုံး ၂၅တုံး၊ သုည ဒသမ၇ဝ၂တန်၊တန်ဖိုးငွေကျပ် ၂၈ဝ၈ဝဝဝ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်သစ်များ သယ်ဆောင်လာသူ ဥက္ကာကျော်ကို မူဆယ်မြို့မရဲစခန်းက (ပ)၁၂/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger