www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 19, 2015

ခရီးသည်တင်ယာဉ် ဖောင်းပွနေသည်ကို အမြန်ဆုံး ထိန်းချုပ်သွားမည်


ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများ

ရန်ကုန် ၊ ၁၉-၃-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်အစီးရေမှာ စာရင်းရှိ အစီးရေနှင့် လက်ရှိ ပြေးဆွဲလျက် ရှိသည့် အစီးရေ ကွာခြား နေသောကြောင့် ယာဉ်အစီးရေများ ဖောင်းပွ နေခြင်းကို အမြန်ဆုံး ထိန်းချုပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

လက်ရှိတွင် ခရီးသည်တင် ယာဉ်အဖြစ် မှတ်ပုံတင် ထားသည့် စာရင်းတွင် ကွဲပြားနေသည့် ခရီးသည်တင် ယာဉ်အစီးရေများ၊ စာရင်းပျောက် နေသည့် ခရီးသည်တင် ယာဉ်အစီးရေ များ၊ ယာဉ်လိုင်း တစ်ခုတွင် စာရင်းသွင်း ထားသော်လည်း တခြား ယာဉ်လိုင်းသို့ ပြောင်းလဲပြေးဆွဲ နေသည့် ခရီးသည်တင် ယာဉ်အစီးရေ များကို တိတိကျကျ သိရှိနိုင် ရန် သက်ဆိုင်ရာ ယာဉ်လိုင်းများနှင့် ပူးပေါင်း ၍ စစ်တမ်း ကောက်ယူ နေကြောင်း သိရသည်။

''ကျွန်တော်တို့ စာရင်းမှာရှိတဲ့ ယာဉ်အစီးရေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်အစီးရေ ကွဲပြားနေတဲ့ ခရီးသည်တင် ယာဉ်တွေ အများကြီး ပါ။ ပြီးတော့ ယာဉ်အို ယာဉ်ဟောင်း အပ်နှံ၊ ကားသစ် ပြန်သွင်း အဲဒါတွေကို စာရင်း မလျှော့ဘဲ စာရင်းသွင်း မိတာတွေလည်း ရှိတယ်။ ဒါ့အပြင် ယာဉ်လိုင်း တစ်ခုမှာ ဆွဲနေရင်းက တခြား ယာဉ်လိုင်းကို ပြောင်းပြီး ဆွဲတာတွေလည်း ရှိတယ်။ လမ်းကြောင်း တွေထပ်၊ လမ်းကြောင်းတွေ တူနေတာ တွေလည်း အများကြီးပါ။ အဲဒါကို ကျစ်ကျစ် လျစ်လျစ် ဖြစ်အောင် အမြန်ဆုံး လုပ်ဆောင် သွားမယ်'' ဟု ၄င်းက ပြောသည်။

ယခုအခါ စာရင်းရှိ ခရီးသည် တင်ယာဉ် အစီးရေမှာ ၆၆၈၄ စီးအထိ ရှိနေပြီး နေ့စဉ် ပြေးဆွဲနေသည့် ယာဉ်အစီးရေမှာ ၄၂ဝဝ ဝန်းကျင်အထိ ရှိကြောင်း၊ နေ့စဉ် ခရီးသည် တင်ယာဉ် အစီးရေ ၂ဝဝဝ ကျော်ခန့်မှာ စာရင်းရှိ ခရီးသည်တင် ယာဉ် အစီးရေထက် လျော့နည်းပြေးဆွဲ နေကြောင်း၊ နေ့စဉ် ရန်ကုန်မြို့ရှိ ခရီးသည် ၂ ဒသမ ၂ သန်းကို သယ်ယူ ပို့ဆောင် ပေးနေကြောင်း မ-ထ-သ (ဗဟို)မှ သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger