www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 19, 2015

မန္တလေးမြို့ နှင့် ပတ်ဝန်းကျင်ဒေသမြို့ တို့ကို ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ထည့်သွင်းရန် လျာထားခံရ



ရန်ကုန် ၊ ၁၉-၃-၂၀၁၅

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မန္တလေးမြို့နှင့် ပတ်ဝန်းကျင် ဒေသမြို့ တို့ကို ယူနက်စကို၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းသို့ ထည့်သွင်းရန် လျာထားခံရပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ရှေးဟောင်းမြို့ ငါးမြို့ကို လွှမ်းခြုံသွားလာ နိုင်မည့် ခရီးစဉ် တစ်ခုကို မြန်မာ - အီတလီ နှစ်နိုင်ငံ ပူးပေါင်း ရေးဆွဲမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းရှိ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း နှင့် မန္တလေးမြို့ တို့သည် ယူနက်စကို၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းသို့ ထည့်သွင်းရန် လျာထား ခံရသည့် ရှေးဟောင်းမြို့များ ဖြစ်ပြီး အဆိုပါမြို့ များသို့ ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက် သွားလာ လည်ပတ်နိုင်ရေး အတွက် ရှေးဟောင်း မြို့တော်များ ပေါင်းစည်း ခရီးစဉ်သစ်ကို ရေးဆွဲနေခြင်း ဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံ ရှေးဟောင်းမြို့များ ပေါင်းစည်း ခရီးစဉ်ဒေသ စီမံကိန်းကို ရေးဆွဲနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန အပြင် အီတလီနိုင်ငံ ဖလောရင့် တက္ကသိုလ် မှ ပညာရှင် များလည်း ပါဝင်ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း မြို့တော်များ ပေါင်းစည်း ခရီးစဉ်ဒေသ စီမံကိန်းကို အချိန် တစ်နှစ်အတွင်း ရေးဆွဲသွားမည် ဖြစ်ပြီး စီမံကိန်း ရေးဆွဲခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး များအတွက် စုစုပေါင်း စတာလင် ပေါင် ၆၉ဝဝဝဝ ကျော် အကုန် အကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း (၂ဝ၁၃-၂ဝ၂ဝ) တွင် ချမှတ်ထားသည့် အခြေခံမူများ အတိုင်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းရှိ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း နှင့် မန္တလေးမြို့ တို့သည် ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး သွားလာ လည်ပတ်သည့် မြို့များလည်း ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger