www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 3, 2013

ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသောက်ကုန်ပစ္စည်းများ တားဆီးနိုင်ရန် အမျိုးသား အစားအသောက် ကာကွယ်သည့် ဥပဒေ လိုအပ်

ရန်ကုန် ၊ ၃-၈-၂၀၁၃

စီးပွားရေး လုပ်ငန်းရှင်များက အလှအပ နှင့် မျက်စိပသာဒ ဖြစ်ဖွယ်ရာ ပြုလုပ်ထားသည့် ကျန်းမာရေး နှင့် မလျော်ညီသော အစားအသောက် များကို ပြုလုပ် ရောင်းချ နေမှုသည် ပြည်တွင်း၌ သာမ ပြည်ပနိုင်ငံ များမှ ဈေးကွက် အတွင်း တင်ပို့ ရောင်းချ နေကြကြောင်း သိရသည်။ ဓာတုဇီဝ နည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသုံးကုန် များကြောင့် အမျိုးသား အစားအသောက် ကာကွယ်သည့် ဥပဒေတစ်ရပ် လိုအပ် နေသည့် အတွက် လွှတ်တော်တွင်း ဥပဒေကြမ်း ရေးဆွဲ နေကြောင်း သိရသည်။



မြန်မာနိုင်ငံတွင် အစားအသောက် များကို အရောင်ချွတ်ဆေး ၊ အနံ့ထည့် ထားသည့် စားသုံးရန် မသင့်သော အဆီများ ၊ ဆေးဝါးများ နှင့် မုန့်ပဲသရေစာ များ စသည့် ကျန်းမာရေး နှင့် မညီညွတ်သော အစားအသောက် များကို စစ်ဆေးပေးရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံတွင် ရှိသည့် အမျိုးသား အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ FDA ကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ဖွဲ့စည်းထားရန် အစီအစဉ် ရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ က ပြောကြား ခဲ့သည်။

လက်ရှိတွင် ပြည်တွင်း၌ စားသုံးသူ ကာကွယ်ရေး အသင်းနှင့် မြန်မာ့ စားသုံးသူ အဖွဲ့ဟူ၍ အသင်းအဖွဲ့ ၂ ခု ဖွဲ့စည်းထားကာ ဈေးကွက်အတွင်း အချို့သော အချဉ်ရည်ထုတ် များကို စစ်ဆေး စမ်းသပ်မှု ပြုလုပ်၍ စားသုံးရန် မသင့်ကြောင်း လူထုသိစေရန် သတင်းဖြန့် ဝေခြင်း ၊ ဟောပြောပွဲ များနှင့် ပညာပေး အစီအစဉ် များကိုလည်း ယင်းအသင်းများ က လုပ်ဆောင် နေကြောင်း သိရသည်။


အမေရိကန် ရှိ FDA အမျိုးသား အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ကဲ့သို့ လွှတ်တော်မှ ဖွဲ့စည်းမည့် အဖွဲ့ ဖွဲ့စည်းပြီး ဥပဒေ ပြဋ္ဌာန်းမှု ပြီးစီးပါက အစားအသောက် စစ်ဆေးရေးမှူး များသည် ဈေးကွက် အတွင်းရှိ ကျန်းမာရေး နှင့် မညီညွတ်သည့် ပြည်သူများ စားသုံးရန် မသင့်သော ၊ အရည်အသွေး မပြည့်မီသည့် ပစ္စည်းများကို တွေ့ရှိပါက ရောင်းချနိုင်သည့် ဈေးကွက်မှ ထုတ်ပယ်နိုင်မည် ဖြစ်ပြီး အခြား နိုင်ငံများမှ အတုအပ ပြုလုပ်၍ တင်သွင်းသည့် စားသောက်ကုန် များကို လည်း ဥပဒေအတိုင်း အရေးယူ နိုင်မည် ဖြစ်သဖြင့် အမျိုးသား အစားအသောက် ဥပဒေကို ခေတ်စနစ် နှင့် လျော်ညီစွာ ပြဋ္ဌာန်း နိုင်စေရေး အတွက် ဥပဒေကြမ်း ပြင်ဆင်ကာ အမျိုးသား လွှတ်တော် မှ ပြည်သူ့ လွှတ်တော်သို့ ပေးပို့ပြီး ဥပဒေပါ အချက်အလက် များကို ပြင်ဆင် အတည်ပြု ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger