www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 3, 2013

အမျိုးသား လေကြောင်းလိုင်းပေါ်လစီ ၂၀၁၄ ခုနှစ်တွင် ထွက်ပေါ်မည်

ရန်ကုန် ၊ ၃-၈-၂၀၁၃

မြန်မာ့လေကြောင်းလိုင်း ပေါ်လစီ ဖြစ်သော အမျိုးသား လေကြောင်းလိုင်း ပေါ်လစီသည် လာမည့် ၂၀၁၄ ခုနှစ်တွင် ထွက်ပေါ် လာမည် ဖြစ်ကြောင်း International Air Transport Association အဖွဲ့က ထုတ်ပြန် ထားကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၌ အရှေ့တောင် အာရှ နိုင်ငံများတွင် အောင်မြင်မှု ရခဲ့သော မြန်မာနိုင်ငံ သည် ၁၉၅၇ ခုနှစ် ၀န်းကျင်တွင် နိုင်ငံတကာသို့ သွားလာရန် အတွက် အရေးပါသော Transit လေဆိပ်ကြီး အဖြစ် မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ဒေသတွင်း နိုင်ငံများက အားကိုးခဲ့ ရကြောင်း သိရသည်။ မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို နိုင်ငံတကာ မှ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ဥရောပ လေကြောင်းလိုင်း များနှင့် အမေရိကန် လေကြောင်းလိုင်း များပင် မြန်မာ့ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းများတွင် ၀န်ဆောင်မှု လုပ်ငန်း များတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း သိရသည်။


ပြည်တွင်း လေကြောင်း ၀န်ဆောင်မှု ကဏ္ဍကို ပုဂ္ဂလိက သို့ ပထမဆုံး လုပ်ကိုင်ခွင့် ပေးခဲ့သဖြင့် မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်း တစ်ခု ပထမဆုံး ပေါ်ပေါက် လာခဲ့ပြီး ယခုအချိန်တွင် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ၁၀ ခုမျှ ရှိနေကြောင်း သိရသည်။


အဆိုပါ အမျိုးသား လေကြောင်းလိုင်း ပေါ်လစီ သည် မြန်မာ့ လေကြောင်း ၀န်ဆောင်မှု ကဏ္ဍကို ယခင်က အောင်မြင် ခဲ့သော အခြေအနေ များသို့ ပြန်လည် ရောက်ရှိစေရန် အဆိုပါ ပေါ်လစီ ဖြစ်ပေါ်လာရေး သည် အရေးပါကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger