www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 12, 2013

အမေရိကန် GM ကားကုမ္ပဏီက ကားအရောင်းပြခန်း ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၂-၇-၂၀၁၃

အမေရိကန် နိုင်ငံ ၏ အကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်သော GM _ General Motors ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ တွင် ဒီဇင်ဘာလ တွင် ဖွင့်လှစ်ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း GM ကားများကို ငွေကျပ် သိန်း ၂၀၀ ဖြင့် စတင် ရောင်းချမည် ဖြစ်ပြီး အရောင်းပြခန်း များကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

" အခု General Motors ကားတွေကို မြန်မာပြည်မှာ ပထမဆုံး တရားဝင် ရောင်းချ သွားမှာပါ ၊ အမေရိကန် ဂျီအမ် ကားကုမ္ပဏီဟာ ကမ္ဘာမှာ အောင်မြင် နေတဲ့ ကားကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ် ၊ Show Room တွေကို ရန်ကုန်မှာ စဖွင့်မှာ ဖြစ်ပြီးတော့ နောက်ပိုင်း ကျရင် မန္တလေး မှာပါ ဆက်လက် ဖွင့်လှစ် သွားဖို့ ရှိပါတယ် .... " ဟု GM ကားကုမ္ပဏီ ၏ ပြည်တွင်း ကိုယ်စားလှယ် ဦးဇော်မိုးနိုင် က ပြောကြားသည်။


လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ၌ အသုံးပြုနေသော ကားများမှာ နိုင်ငံခြား မှ အသုံးပြုပြီး ကားများကို ပြန်လည် ၀ယ်ယူ သုံးစွဲနေခြင်း ဖြစ်ပြီး ယခု GM ကားများမှာ အသစ်များကိုသာ ရောင်းချ ပေးမည် ဖြစ်ရာ အဓိက အားဖြင့် Chevrolet ကား အမျိုးအစား များကို ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။ GM သည် မြန်မာပြည် ကိုယ်စားလှယ် Pacific Alpine Pte Ltd ကုမ္ပဏီ နှင့် မကြာသေးမီ က စာချုပ်ချုပ်ဆို ခဲ့ပြီး Chevrolet ကားများ ဖြန့်ဖြူး ရောင်းချခြင်း နှင့် ၀န်ဆောင်မှု များကို ပေးသွားမည် ဖြစ်သည်။ ယင်း Chevrolet ကားများကို မြန်မာတို့၏ လိုအပ်ချက် နှင့်အညီ ကမ္ဘာတစ်ဝန်း က GM ထုတ်လုပ်ရေး ပစ္စည်း များဖြင့် တပ်ဆင် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger