www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 12, 2013

ရုပ်ရှင်အနုပညာတက္ကသိုလ် နှင် သင်တန်းကျောင်းများကို နိုင်ငံတကာ နှင့် ချိတ်ဆက်ဖွင့်လှစ်ရန်စီစဉ်

ရန်ကုန် ၊ ၁၂-၇-၂၀၁၃

ယခုနှစ် အတွင်းတွင် ရုပ်ရှင် အနုပညာ တက္ကသိုလ် နှင့် သင်တန်းကျောင်း များကို နိုင်ငံတကာ နှင့် ချိတ်ဆက်၍ ဖွင့်လှစ် သင်ကြား နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ် နှင့် သင်တန်းကျောင်း များတွင် အနုပညာပိုင်း ဆိုင်ရာ နှင့် အတတ်ပညာ ပိုင်းဆိုင်ရာများ သင်ကြား ပို့ချရာတွင် ကာလရှည် သင်တန်းများ နှင့် လက်တွေ့ လုပ်ငန်း နယ်ပယ်၌ လုပ်ကိုင် နေသူများ အတွက် ရည်ရွယ် ဖွင့်လှစ်မည့် ကာလတို သင်တန်းများ ကို ဖွင့်လှစ် သွားရန် စီစဉ် ထားကြောင်း သိရသည်။

" အဓိက ကတော့ နိုင်ငံတကာ နဲ့ ပူးပေါင်း ပြီးတော့ သင်တန်းတွေကို ဖွင့်လှစ် ပို့ချနိုင်အောင် စီစဉ် နေပါတယ် ၊ နိုင်ငံတကာ ကျောင်းတွေကို စေလွှတ် သင်ကြား စေမယ့် အစီအစဉ် တွေကိုလည်း ပါဝင်မှာပါ .... " ဟု ရုပ်ရှင် အနုပညာ တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ရုပ်ရှင် အနုပညာ နှင့် ပတ်သက်ပြီး အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် တွင် ဘာသာရပ် တစ်ခုအနေဖြင့် ဖွင့်လှစ် သင်ကြား ပေးလျက် ရှိသည်။ ပုဂ္ဂလိက သင်တန်းကျောင်း အချို့တွင်လည်း ရုပ်ရှင် အနုပညာ ကို ဖွင့်လှစ် သင်ကြား ပေးနေကြောင်း သိရသည်။ သို့ရာတွင် လက်တွေ့ သင်ကြား ပို့ချမှုပိုင်း တွင်မူ အားနည်း နေဆဲ ဖြစ်ရာ နိုင်ငံတကာ နှင့် ပူးပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။


သြဂုတ်လတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နှင့် Yangon Film School တို့ ပူးပေါင်းကာ ဇာတ်ညွှန်း ရေးသားနည်း သင်တန်းကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger