www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 12, 2013

အာဆီယံ တက္ကသိုလ် ကွန်ရက်အဖွဲ့သို့ မန္တလေး တက္ကသိုလ် ၀င်ခွင့်ရရှိ


ရန်ကုန် ၊ ၁၂-၇-၂၀၁၃

မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန မှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ် ကွန်ရက် ပါမောက္ခချုပ် များ အစည်းအဝေး နှင့် ၂၉ ကြိမ်မြောက် အာဆီယံ တက္ကသိုလ် ကွန်ရက် စီမံခန့်ခွဲရေး အဖွဲ့အစည်း မှ ဆုံးဖြတ်ချက် အရ အာဆီယံ တက္ကသိုလ် ကွန်ရက် အဖွဲ့သို့ မြန်မာနိုင်ငံ ရှိ မန္တလေး တက္ကသိုလ် က ၀င်ခွင့် ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ အာဆီယံ တက္ကသိုလ် ကွန်ရက် အဖွဲ့ ASEAN University Netword _ AUN မှာ ယခင်က အဖွဲ့ဝင် တက္ကသိုလ် ၂၆ ခုရှိပြီး ယခု အစည်းအဝေး တွင် တက္ကသိုလ် ၄ ခု ထပ်တိုး လာသည့်အတွက် အဖွဲ့ဝင် ၃၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ထပ်တိုးသည့် တက္ကသိုလ် ၄ ခုမှာ မြန်မာနိုင်ငံ မှ မန္တလေး တက္ကသိုလ် အပါအ၀င် ဗီယက်နမ် ၊ ထိုင်း ၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ တက္ကသိုလ် တစ်ခုစီ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ယခု ကျင်းပခဲ့သည့် ၂၉ ကြိမ်မြောက် အာဆီယံ တက္ကသိုလ် ကွန်ရက် စီမံခန့်ခွဲရေး အဖွဲ့ အစည်းအဝေး တွင်လည်း အဖွဲ့အစည်းက လုပ်ဆောင် သွားမည့် အချက်အလက် များ သင်ကြားမှုပိုင်း ဆိုင်ရာ နှင့် သုတေသန လုပ်ငန်းများ ၊ စီမံ ခန့်ခွဲရေး ပိုင်းနှင့် ပြည်သူလူထု အကျိုးပြု ကိစ္စရပ် များကို အတည်ပြုချက် ရယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger