www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2013

စိုက်ပျိုးရေး နည်းပညာ သင်တန်း ပို့ချပေးမည်

စိုက်ပျိုးရေး နည်းပညာ သင်တန်း ပို့ချပေးမည် ဇန်န၀ါရီလ(၁၁)ရက်နေ့ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူ များအသင်းမှ စိုက်ပျိုးရေး ပညာရှင်များ သင်ကြားမည့် သြဂဲနစ်နှင့် စိုက်ပျိုးရေး နည်းပညာ သင်တန်းကို သင်တန်းကြေး ၃၀၀၀၀ ပေးသွင်း၍ တက်ရောက် နိုင်ကြောင်း သိရသည်။ သင်တန်းကို ၂၀၁၃ ဇန်န၀ါရီလမှ စတင်ပြီး လစဉ် ပုံမှန် ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု စိုက်ပျိုးရေး နည်းပညာများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးရေး နည်းပညာများ၊ ဘေးအန္တရာယ် ကင်းရှင်း၍ သန့်ရှင်း လတ်ဆက်သော သီးနှံများ၊ စိုက်ပျိုး ထုတ်လုပ်သည့် နည်းပညာများ ကို သင်ကြားမည် ဖြစ်သည်။ ထို့ပြင် လက်တွေ့ သင်ခန်းစာများ ပါဝင်သည့် အတွက် စိုက်ပျိုးရေး သုတေသနများနှင့် စိုက်ပျိုးရေး ခြံများကိုလည်း လေ့လာရေး ခရီး ပါဝင်ကြောင်း သိရသည်။ သင်တန်း တက်ရောက်လိုသူ များသည် အမှတ် ၂၉၊ မင်းရဲကျော်စွာ လမ်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဖုန်း ၀၉၄၂၀၀၇၈၇၉၇ သို့ ဆက်သွယ် စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger