www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2013

အာရှဆု ကြေးစား ဂေါက်သီးရိုက် ပြိုင်ပွဲ ကျင်းပမည်

အာရှဆု ကြေးစား ဂေါက်သီးရိုက် ပြိုင်ပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၁)ရက်နေ့ အာရှဆု ကြေးစား ဂေါက်သီးရိုက် ပြိုင်ပွဲ ၂၀၁၃ ရာသီ အဖွင့် ပြိုင်ပွဲအား မြန်မာနိုင်ငံက ဖေဖော်ဝါရီလ အတွင်း လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ဇေကမ္ဘာ ကုမ္ပဏီမှ အဓိက ပံ့ပိုး ပေးထားပြီး ရွိုင်ရယ် မင်္ဂလာဒုံ ဂေါက်ကွင်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကစားသမား ၁၅၆ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို အမေရိကန်ဒေါ်လာ ရှစ်သိန်း အကုန်အကျခံပြီး ကျင်းပမည် ဖြစ်ကာ ကစားသမားများကို ဆုကြေး အမေရိကန်ဒေါ်လာ သုံးသိန်း ချီး မြှင့်မည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်မည့် ကစားသမားများ ထဲမှ ၆၅ ဦးသာလျှင် ဆုကြေး ရရှိမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို တစ်နှစ်လျှင် ၂၅ ပွဲ ကျင်းပ လျက်ရှိပြီး ဆုကြေးစား ကစားသမား တစ်ဦး အနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ကိုးပွဲ ၀င်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း အာရှဆုကြေးစား အဆင့် သတ်မှတ်ချက် အဆင့် ၁ မှ ၆၀ အတွင်း ရရှိသည့် ကစားသမားများ အနေဖြင့် အာရှဆု ကြေးစား ဂေါက်ရိုက် သင်တန်းကျောင်း သို့ တက်ရောက် သင်ကြား ရကြောင်း သိရသည်။ ပြိုင်ပွဲကို ပြည်တွင်း အားကစား ၀ါသနာရှင်များ တိုက်ရိုက် ကြည့်ရှု နိုင်ရန် အတွက် ပြည်တွင်း ရုပ်သံလိုင်း များမှ ထုတ်လွှင့်ရန် စီစဉ်နေကြောင်း၊ ဂေါက်သီး အားကစား ပရိသတ်များ အနေဖြင့် ရွိုင်ရယ် မင်္ဂလာဒုံ ဂေါက်ကွင်းသို့ လာရောက် ကြည့်ရှုအားပေး နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger