www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2013

FTTx ကနဦး တပ်ဆင်ခ ကျပ်နှစ်သိန်းခွဲ လျှော့ချ

FTTx ကနဦး တပ်ဆင်ခ ကျပ်နှစ်သိန်းခွဲ လျှော့ချ ဇန်န၀ါရီလ(၁၁)ရက်နေ့ ဖိုင်ဘာ အင်တာနက်လိုင်း FTTx တပ်ဆင်မှုတွင် ကနဦး တပ်ဆင်ခကို ကျပ်နှစ်သိန်းခွဲ လျှော့ချလိုက်ကြောင်း ကျပ်ငါးသိန်းသာ ပေးသွင်း ရတော့မည် ဖြစ်ကြောင်း Fortune Int.Ltd ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တပ်ဆင်ခ သည် မူလက ကျပ် ခုနစ်သိန်းခွဲ ပေးဆောင်ရခြင်း ဖြစ်သော်လည်း ယခုလ ၁ ရက်နေ့မှ စတင်ကာ ကျပ်နှစ်သိန်းခွဲ လျှော့ချလိုက်ခြင်း ကြောင့် ကျပ် ငါးသိန်းသာ ပေးသွင်းရမည် ဖြစ်သော်လည်း လစဉ်ကြေး၊ နှစ်စဉ်ကြေးများမှာ မိမိဝယ်ယူ ထားသော 512 kbps, 1Mbps, 2Mbps စသည်ဖြင့် သတ်မှတ် နှုန်းထား အသီးသီး အတိုင်း ယခင်နှုန်းများ အလိုက် ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။ ဖိုင်ဘာ အင်တာနက်လိုင်း FTTx စနစ်ကို ရန်ကုန်မြို့တွင် ဇုန်နှစ်ခု သတ်မှတ်ကာ Fortune Int.Ltd နှင့် Elite ကုမ္ပဏီ နှစ်ခုက နေရာခွဲကာ Network Provider အဖြစ် ဆောင်ရွက် လျက်ရှိပြီး လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ဒဂုံ၊ အလုံ၊ ကြညြ့်မင်တိုင်၊ စမ်းချောင်း စသော မြို့နယ် များတွင် လည်းကောင်း၊ ရန်ကင်း၊ တာမွေ၊ မရမ်းကုန်း မြို့နယ် တို့တွင် နေရာအချို့ကို လည်းကောင်း Fortune Int.Ltd မှ Network Provider အဖြစ် တာဝန်ယူ ဆောင်ရွက် နေခြင်း ဖြစ်သည်။ Service Plan နှင့် ပတ်သက်၍ လည်း သုံးစွဲသူက 4Mbps ကို သုံးစွဲလိုပါက သီးခြား လျှောက်လွှာ တင်သွင်း လုပ်ဆောင်ရန် သတ်မှတ်ထားပြီး သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger