www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 14, 2012

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းရေးဆွဲ



ရန်ကုန် ၊ ၁၄-၁၁-၂၀၁၂

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ဦးဆောင် ကော်မတီ နှင့် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြို့ပြ စီမံကိန်း ပညာရှင်များ ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ( The Project for the Strategic Urban Development Plan of the Greater Yangon ) အား ရေးဆွဲလျက် ရှိကြောင်း သိရသည်။

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ဦးဆောင်မှု အဖွဲ့သည် မြို့ပြ စီမံကိန်း ရေးဆွဲရေးကဏ္ဍ ၊ မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲရေးကဏ္ဍ နှင့် အခြေခံ သတင်း အချက်အလက် နှင့် လူမှုရေးကဏ္ဍ စသည့်ကဏ္ဍ (၃)ခုဖြင့် ဖွဲ့စည်း ဆောင်ရွက် သွားမည် ဖြစ်သည်။ မြို့ပြ စီမံကိန်း ရေးဆွဲရေးကဏ္ဍ အောက်တွင် မြို့ပြ စီမံကိန်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့ ၊ စီးပွားရေး လုပ်ငန်း အဖွဲ့နှင့် စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့ ပါဝင်မည် ဖြစ်သည်။ မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံ များကဏ္ဍ အောက်တွင် မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အဖွဲ့နှင့် မြို့ပြ အခြေခံ အဆောက်အအုံ များ လုပ်ငန်း အဖွဲ့တို့ ပါဝင်မည် ဖြစ်သည်။ အခြေခံ သတင်း အချက်အလက် နှင့် လူမှုရေး ကဏ္ဍအောက်တွင် အခြေခံ သတင်း အချက်အလက် လူမှု ပတ်ဝန်းကျင် လုပ်ငန်းအဖွဲ့ ၊ လူမှု လေ့ကျင့်ရေး လုပ်ငန်းအဖွဲ့ ၊ ပထ၀ီ မြေပုံရေးဆွဲရေး လုပ်ငန်းအဖွဲ့ နှင့် လူမှုရေး ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ ဖွဲ့စည်း ထားပြီ ဖြစ်ကြောင်း ကြားဖြတ် အစီရင်ခံစာ Interim Report မှ သိရသည်။

မြို့ပြ စီမံကိန်း ရေးဆွဲရေးတွင် မြို့ပြ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အင်ဂျင်နီယာ ဌာန၏ ဆောက်လုပ်ရေး ဆိုင်ရာ သဘောတူညီ ချက်မှာ မြို့ပြ မဟာစီမံကိန်း နှင့်အညီ အနာဂတ် မြို့ပြ ဆိုင်ရာ ကွက်လပ်များအား ထိန်းချုပ် နိုင်ရေး အတွက် နည်းလမ်းပင် ဖြစ်သည်။ သို့သော် ယင်းဌာနသည် အဆောက်အအုံများ ဆောက်လုပ်ခြင်း နှင့် ပတ်သက်၍ တစ်ဦးချင်း လျှောက်ထားမှု အပေါ်ကို ထိန်းချုပ် နေရသဖြင့် ယနေ့ကာလတွင် မြို့ပြ အတိုင်းအတာ ကြီးမားသော ဖွံ့ဖြိုး တိုးတက်မှု မရှိပါကြောင်း Interim Report မှ သုံးသပ်ထားပြီး မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းတွင် မြို့ပြ လမ်းပန်း ဆက်သွယ် သွားလာမှု ကွန်ရက် ၊ မြို့ပြ သောက်သုံးရေ ဖြန့်ဝေရေး ကဏ္ဍ ၊ မြို့ပြ လျှပ်စစ် ကဏ္ဍ ၊ မြို့ပြ စွန့်ပစ် အမှိုက် သိမ်းဆည်းမှု ကဏ္ဍ ၊ မိလ္လာကဏ္ဍ ၊ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း ကဏ္ဍ ၊ မြို့ပြ မီးရထား ကွန်ရက်စနစ် စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger