www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 14, 2012

နိုင်ငံတကာ စာရင်းကိုင်စံများ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၁၁-၂၀၁၂

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်းမှ ကြီးမှူး၍ နိုင်ငံတကာ စာရင်းကိုင်စံများ ၊ ဘဏ္ဍာရေး အစီရင်ခံခြင်း စံများ အလုပ်ရုံ ဆွေးနွေးပွဲ International Financial Reporting Standards (IFRS) Workshop ကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်ထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်လမ်း ရှိ ယုဇနဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် Institute of Chartered Accountants of Kndia (ICAI) နှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်း ( MICPA ) မှ စာရင်း ပညာရှင်များက ဟောပြော ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် နိုင်ကြောင်း ၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင် များသည် CPE နာရီ အတွက် ထောက်ခံချက် ရရှိမည် ဖြစ်ကြောင်း နှင့် ဟောပြောပွဲ တက်ရောက် လိုသူများသည် နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင် များအသင်းရုံးခန်းသို့ မှတ်ပုံတင်ကြေး ပေးသွင်း၍ စာရင်းသွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger