www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2012

ကျေးရွာနေ ပြည်သူများ လူနေမှု အခြေမြင့်၍ အသွင်တင့်လာ



မော်လမြိုင်ကျွန်း ၊ ၅-၁၁-၂၀၁၂

မော်လမြိုင်ကျွန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်း ညှိနှိုင်း စီစဉ်မှုဖြင့် မော်လမြိုင်ကျွန်း မြို့မ မိုက်ခရိုဝေ့ဗ် စခန်း နှင့် ချမ်းမြေ့သာယာ GSM မိုဘိုင်း စခန်းတို့မှ ဆက်သွယ် ရရှိနိုင်သော မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုရှိ ကျေး လက်နေ ပြည်သူများအား GSM 2.75 G မိုဘိုင်းဖုန်း များကို ပထမကြိမ် အရစ်ချ ရောင်း ချပေးခဲ့ရာ တယ်လီဖုန်း ၂၆၆ လုံးအား ကျေးလက်နေ ပြည်သူ များထံ ရောင်း ချပေး နိုင်ခဲ့ကြောင်း သိရသည်။

GSM မိုဘိုင်း တယ်လီဖုန်း ၀ယ်ယူခဲ့ကြသော ကျေးလက်နေ ပြည်သူများသည် အနယ်နယ် အရပ်ရပ်သို့ ဆက်သွယ် ပြောဆိုမှု အသံ ကြည်လင် ပြတ်သားမှုကြောင့် GSM မိုဘိုင်းဖုန်း များကို သဘောကျ နှစ်ခြိုက်ကြ သဖြင့် ထပ်မံ ၀ယ်ယူလိုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် မြို့နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စာရင်း ပေးပို့ မှာကြားလျက် ရှိရာ မကြာမီ ရက်အတွင်း ကျေးလက်နေ ပြည်သူ များထံသို့ ဒုတိယ အကြိမ် GSM မိုဘိုင်းဖုန်း များ ထပ်မံ ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ မော်လမြိုင်ကျွန်း မြို့နယ် ကျေးလက်နေ ပြည်သူများသည် ကိုယ်ပိုင် GSM မိုဘိုင်းဖုန်း ကိုယ်စီဖြင့် မိမိ ဆက်သွယ် စကားပြောဆို လိုသူတို့ထံ အချိန်မရွေး အခါမရွေး ဆက်သွယ် စကားပြောဆို နိုင်ကြပြီ ဖြစ်ရာ ကျေးရွာများတွင် လူနေမှု အခြေမြင့်၍ အသွင်တင့် လာပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger