www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2012

ပျူလူမျိုး နှင့် ပျူနိုင်ငံတော် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပမည်




ဗိဿနိုးမြို့ဟောင်းတစ်နေရာ

ရန်ကုန် ၊ ၅-၁၁-၂၀၁၂

ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်နေ့ တို့တွင် ၃ ရက်တိုင် ရန်ကင်းမြို့နယ် ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်းတိုက် အဆောက်အအုံတွင် ပျူသုတေသန စာတမ်းပေါင်း အစောင် ၄၀ ကျော် ဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူလူမျိုး နှင့် ပျူနိုင်ငံတော် သုတေသန စာတမ်းဖတ်ပွဲသို့ ပြည်တွင်း ပြည်ပ ပညာရှင်ပေါင်း ၆၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။ ယင်းစာတမ်း ဖတ်ပွဲ ကျင်းပရခြင်း အကြောင်းမှာ ပျူလူမျိုး တို့နှင့် ပတ်သက်၍ ဓမ္မပဒ ၊ အဌကထာ စသော သာသနာ ရာဇ၀င်ကျမ်းများ ၊ လောကီ လောကုတ္တရာ ကျမ်းများ ၊ သမိုင်း မော်ကွန်း မှတ်တမ်းများ ၊ ခေတ်ပြိုင် အိန္ဒိယ ၊ တရုတ် မှတ်မ်းများ ၊ ရှေးဟောင်း စာပေမှုတို့တွင် ပျူလူမျိုး တို့အကြောင်း မှတ်သားမှု ၊ ရေးသားမှုများ ရှိခဲ့သော်လည်း ကိုလိုနီခေတ် ဗြိတိသျှ သမိုင်း ဆရာတို့က အလွဲလွဲ အမှားမှား မှတ်တမ်းတင်ခြင်း ၊ ဖြစ်ရပ်များ ဖုံးကွယ်ထားရှိ ခြင်းဖြင့် လွတ်လပ်ရေး ရရှိပြီး နှစ်ပေါင်း ၅၀ ကျော်လာသည့်တိုင် ဖြစ်ရပ်မှန် များကို မဖော်ထုတ် နိုင်ကြသေးဘဲ ၀ိုးတ၀ါးသာ ရှိနေခဲ့သည့် အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ထွန်းဖော်ဒေးရှင်း မှကြီးမှူး၍ ပျူတို့နှင့် ပတ်သက်သော သမိုင်း ၊ သုတေသန ဖြစ်ရပ်မှန်များ ၊ သရေ ခေတ္တရာ ပျူနိုင်ငံ တော်ကြီးသည် ပထမမြန်မာ နိုင်ငံတော် ကြီးဖြစ်ကြောင်း နှင့် ပျူနိုင်ငံတော် ကြီး၏ ကြီးကျယ် ခမ်းနားပုံ ရှုထောင့် အစုံစုံတို့နှင့် တိမ်မြှုပ် နေသော ပျူသမိုင်း ၊ ပျူရာဇ၀င် ၊ ပျူယဉ်ကျေးမှု ဖြစ်ရပ်တို့အား ယင်းစာတမ်း ဖတ်ပွဲတွင် တင်ပြဖတ်ကြား သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ရွှေထိုင်လွင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger