www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2012

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အကြို လှုံ့ဆော်ရေး ပွဲများ ကျင်းပမည်




ရန်ကုန် ၊ ၅-၁၁-၂၀၁၂

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအား စည်ကား သိုက်မြိုက်စေရေး အတွက် အကြိုလှုံ့ဆော်ပွဲ များကို ဒီဇင်ဘာလ အတွင်း ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုံ့ဆော်ပွဲများ ကျင်းပရခြင်းမှာ ဒေသတွင်း နှင့် အာဆီယံ နိုင်ငံများအပြင် အခြား ပြည်ပနိုင်ငံ များသို့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ လှုံ့ဆောင်ရေး သတင်းများ ပျံ့နှံ ရောက်ရှိစေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ အကြို လှုံ့ဆော်ပွဲများကို ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ပွဲတော်တွင် ဈေးရောင်း ပွဲတော် ၊ ဖျော်ဖြေပွဲ ၊ ဂိမ်းပွဲများ ပါဝင်မည် ဖြစ်ကြောင်း ၊ ပြိုင်ပွဲ လှုံ့ဆော်မှု အနေဖြင့် ဇာတ်လမ်းတိုများ ရိုက်ကူးရန် ရုပ်ရှင် သရုပ်ဆောင် နှင့် ဒါရိုက်တာများကို ရွေးချယ်နေကြောင်း ၊ ဇာတ်လမ်းတို များကို ရုပ်/သံ ၄ ခုတွင် ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger