www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2012

တောင်ကြီးတန်ဆောင်တိုင် ကုန်စည်ပြပွဲ နှင့် မြို့ရွှေမင်းသား ဖိုးချစ် ပါဝင်ဖျော်ဖြေမည်




တောင်ကြီး ၊ ၅-၁၁-၂၀၁၂

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ တွင် တောင်ကြီး တန်ဆောင်တိုင် ကုန်စည်ပြပွဲအား ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့ အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် အီလက်ထရောနစ် ပစ္စည်းများ ၊ အလှကုန်နှင့် ဖက်ရှင် အသုံးအဆောင်များ ၊ အ၀တ်အထည် အမျိုးမျိုး ၊ မိုဘိုင်းဖုန်း အမျိုးမျိုး ၊ ပရိဘောဂ ပစ္စည်းများ ၊ ပညာရေး ဆိုင်ရာ သင်တန်း ကျောင်းများ ၊ ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ ၊ မီးဖိုချောင်သုံး ပစ္စည်းများ စသည်တို့ကို ပြသ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲလာ ပြည်သူများကို မြို့ရွှေမင်းသား ဖိုးချစ် ဇာတ်သဘင် အဖွဲ့နှင့် အဆိုတော်များ ဖြစ်သော R ဇာနည် ၊ ချမ်းချမ်း ၊ အေသင်ချိုဆွေ ၊ သြရသ  အစရှိသော အဆိုတော်များ က တန်ဆောင်တိုင် အကြို ဖျော်ဖြေမှုကို အခမဲ့ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် ကုန်စည်ပြပွဲ ပြခန်းတွင် ပါဝင်ပြသ ရောင်းချလိုပါက မြန်မာ အနော်ရထာ ကုမ္ပဏီ လီမိတက် ၊ ပြပွဲ ကျင်းပရေး ကော်မတီဖုန်း ၀၉- ၅၁၉၅၈၇၈ ၊ ၀၉- ၈၆၃ ၃၆၆၂ ၊ ၀၉- ၇၃၇၃ ၃၇၃၇ နှင့် ၀၉- ၇၃၅၅ ၅၅၇၅ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger