www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် သုံးလပိတ်မည့်အစား နှစ်လအထိ ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များ တောင်းဆို

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် သုံးလပိတ်မည့်အစား နှစ်လအထိ ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များ တောင်းဆို
-
ယခုနှစ် မေလမှစ၍ မြန်မာ့ပင်လယ်ပြင်၌ ငါးဖမ်းခွင့်သုံးလပိတ်မည့်အစားနှစ်လအထိ ဖြေလျှော့ပေးရန် ငါးမွေးမြူရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောဆိုချက်အရသိရသည်။ ''မြန်မာ့ပင်လယ်ပြင်မှာ ဘယ်သူမှ ငါးဖမ်းခွင့်မရှိဘူး။ တင်ပြချက် အကြောင်းအမျိုးမျိုးကြောင့် ဖြေလျှော့ပေးခဲ့တယ်။ ၂ဝ၁၈ ခုနှစ်က ၂ဝ ရာခိုင်နှုန်းဖမ်းခွင့်ပြုခဲ့ပြီး ဒီနှစ်မှာတော့ လုံးဝဖြေလျှော့ခွင့် မပြုတော့ဘူး'' ဟု ဦးဝင်းကြိုင်က ပြောသည်။ 
-
နေပြည်တော်၌ မတ် ၂၂ ရက်တွင် ငါးမဖမ်းရရာသီနှင့် ငါးလုပ်ငန်းဆိုင်ရာ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပင်လယ်ပြင်အတွင်း လုံးဝငါးမဖမ်းရ ရာသီကိုစတင်မည်ဖြစ်ကြောင်း သိရသည်။ 
-
ထို့ကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းများရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဒေသခံ လုပ်ငန်းရှင်များက ခရိုင်အလိုက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရရှိလာသည့် ရလဒ်များကို အဆိုပါ ဆွေးနွေးပွဲသို့တင်ပြခဲ့ကြောင်း၊ ပင်လယ်ပြင်အတွင်း ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းကို လုပ်ငန်းရှင်များက မကန့်ကွက်သော်လည်း ပိတ်ရန် သတ်မှတ်သည့် အချိန်ကို သုံးလအစားနှစ်လသို့ လျှော့ချပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။ 
-
ထိုသို့ တောင်းဆိုမှုများကို သက်ဆိုင်ရာသို့ တင်ပြမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ ဆက်လက် တင်ပြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းကို မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်အထိ သတ်မှတ်ပြီး ငါးဖမ်းဆီးခွင့်ကိုလည်း သုညအထိထားမည် ဖြစ်ကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger