www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

မုံရွာ၊ ရေကြောင်း သွားလာရေး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ခရီးစဉ်ပြေးဆွဲသည့် ရေယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်

မုံရွာ၊ ရေကြောင်း သွားလာရေး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ခရီးစဉ်ပြေးဆွဲသည့် ရေယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်
-
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲသည့် ရေယာဉ်များကို သင်္ကြန်ကာလအတွင်း ခရီးစဉ်ပြေးဆွဲခြင်း ခေတ္တရပ်နားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များ စည်းကမ်း  ထိန်းသိမ်းရေးနှင့်  ကြီးကြပ်ရေး ကော်မတီမှ သိရသည်။ 
-
ရေယာဉ်ခရီးစဉ် သင်္ကြန်ကာလအတွင်း ပြေးဆွဲမှုရပ်နားခြင်းသည် ပြေးဆွဲသူများအနားယူစေရန်နှင့် လိုက်ပါမည့် ခရီးသည်များ နည်းပါးမည်ဖြစ်သည့်အတွက်ရပ်နားခြင်းဖြစ်သည်။ ''သင်္ကြန်တွင်းကတော့ ကျွန်တော်တို့ ရေယာဉ်အားလုံး ရပ်နားမှာဖြစ်ပါတယ်။ ရေယာဉ်လုပ်သားတွေကလည်း သင်္ကြန်ကာလ အိမ်မှာနားချင်တဲ့ သူတွေရှိတယ်။ ခရီးသည်လိုက်ပါမှုကလည်း ဒီကာလအတွင်း နည်းပါးမှာဖြစ်တဲ့ အတွက်အခုလိုခရီးစဉ်တွေ ရပ်နားတာပါ''ဟု မုံရွာမြို့ ရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးသောင်းညွန့်က ပြောသည်။ 
-
ခရီးစဉ်များကို သင်္ကြန်အကြို ဧပြီ ၁၃ ရက်မှ နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်အထိ ရပ်နားမည်ဖြစ်ပြီး ရေယာဉ်နှင့် သက်ဆိုင်သည့် ရုံးများလည်း အဆိုပါကာလအတွင်း ပိတ်နားထားမည်ဖြစ်သည်။ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲနေသည့် ရေယာဉ်များသည် ချင်းတွင်းမြစ် အထက်ပိုင်းဖြစ်သည့် ကနီ၊ မင်းကင်း၊ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ခရီးစဉ်များ ပြေးဆွဲကြခြင်းဖြစ်သည်။ 
-
အဆိုပါခရီးစဉ်တစ်ကြော ကျယ်ကျယ်ပြန့်ပြန့် ပြေးဆွဲနေသည့် မုံရွာမြို့၌ ခရီးသည် အမြန်ရေယာဉ် အသင်း ၁၁ သင်းရှိပြီး ရေယာဉ်အစင်းရေ ၁ဝဝ ကျော် ရှိကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger