www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

ရွှေစီမံကိန်းအဆင့် (၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပ

ရွှေစီမံကိန်းအဆင့် (၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပ
-
ရွှေစီမံကိန်း အဆင့်(၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ဖြူ ဟိုတယ်၌ ကျင်းပသည်။ 
-
ရှေးဦးစွာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မန်နေဂျာ ဦးနေအောင်က မိတ်ဆက်စကား ပြောကြားပြီး  POSCO International Corporation မှ CSR Coor-dinator မှ CSR Coor-dinator ဦးမြင့်သူက  စီးပွားရေးနယ်ပယ် များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းအစီအစဉ်များ အကြောင်း၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ ရွှေ၊ ရွှေဖြူ၊ မြ၊ သဘာဝဓာတ်ငွေ့များရှာဖွေတွေ့ရှိမှု၊ ဖြန့်ဖြူးရောင်းချသုံးစွဲနေမှု အခြေအနေများ၊  ရွှေစီမံကိန်းအဆင့်(၃) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။ 
-
ဆက်လက်၍ ERM Co.,Ltd.မှ Senior Consultant ဦးသပြေမျိုးဦးကပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ရှင်းလင်းရာတွင် ERMသည် ပတ်ဝန်းကျင်ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းများတွင်အကြံပေးအဖြစ် ဆောင်ရွက်နေသောကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၄ဝ ကျော်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ကာ ရန်ကုန်မြို့တွင် ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ရုံးခန်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ၊ သက်ရောက်မှု ဆန်းစစ်ခြင်း၊ ဇီဝသက်ရှိဝန်းကျင်နှင့် ရုပ်အခြေအနေများ၊ အဏ္ဏဝါနို့တိုက်သတ္တဝါများ နေထိုင်ရာဒေသနှင့်လိပ်များအသိုက်ဖွဲ့ရာကမ်းခြေများ၊ ရွှေလုပ်ကွက်တွင်းတူးစင်မှ အဏ္ဏဝါမျိုးစိတ်များ တွေ့ရှိမှုနှင့် အခြေခံသတင်းအချက်အလက်များ စုဆောင်းခြင်းများကို  ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် တက်ရောက်လာသူများက ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်လာလျှင် ပြန်လည်ကုသရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေနံဈေးနှုန်း တွက်ချက်မှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအတွက် ဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများ သိရှိအောင်သတင်းထုတ်ပြန်မှုများအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။ 
-
တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်း အဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger