www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

တောင်ငူမြို့၊ အသောကဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ငူမြို့၊ အသောကဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ  ၃၁ 
-
ပဲခူးတိုင်းဒေသကြီး၊   တောင်ငူမြို့၊ အသောကဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တောင်ငူမြို့ရှိ ဒေသခံပြည်သူများအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခုနစ်ပါး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူစုစုပေါင်း ၈၄ ဦးတို့အား အစာအိမ်ရောဂါ၊ကလေးရောဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူနှစ်ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။           
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger