www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

မုံရွာမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတပ်မြို့၏ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲပြုလုပ်

မုံရွာမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတပ်မြို့၏ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ  ၃၁ 
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတပ်မြို့၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကိုယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း ခန်းမ၌ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူး ရရှိအောင် ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ အတန်းလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာစီစာကုံး ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန် ဆုရကျောင်းသား၊ ကျောင်းသူများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများကဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။ 
-
ထို့နောက် ဒုတိယတိုင်းမှူးနှင့်တက်ရောက် လာကြသူများက ကျောင်းသား၊ ကျောင်းသူများ၏ တိုင်းရင်းသား ရိုးရာအကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက Media  Room များတွင် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားလေ့ကျင့်နေမှု တို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။                  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger