www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃၁ 
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၄၅ ဦးတို့အား သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger