www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ခွင့်ကို ယာယီသာ ပိတ်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းနေ

-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ်တင်ပို့ လျက်ရှိပြီး ပြီးခဲ့သည့်နှစ်မှစ၍ ကန့်သတ်ကုန်စည်အဖြစ် အိန္ဒိယနိုင်ငံအစိုးရကသတ်မှတ်ခဲ့ကာ လက်ရှိတွင် မြန်မာ့ပဲများ အိန္ဒိယသို့တင်သွင်းခွင့်ကို ယာယီပိတ်ထားခြင်းကြောင့် ပြန်လည်ခွင့်ပြု ပြေလည်နိုင်စေရန် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
''အိန္ဒိယနဲ့မြန်မာကြားမှာဆိုရင် ဒီကိစ္စက တကယ်ကို အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ကောင်းမွန်အောင်ကြိုးစားဆောင်ရွက် ပေးနေပါတယ်။တစ်ဖက်မှာရှိတဲ့ အိန္ဒိယနိုင်ငံကပဲစိုက်တောင်သူ လယ်သမားတွေရော မြန်မာနိုင်ငံ  ပဲစိုက်တောင်သူလယ်သမားတွေပါ ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို သိပါတယ်။ ဒါ ကြောင့် ဒီပြဿနာတွေ ပြေလည်စေဖို့အတွက်အစိုးရချင်းလည်း ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ လက်ရှိပဲတင်သွင်းမှုကိုလည်း ယာယီပိတ်ထားတာပါ။ အမြဲတမ်းပိတ်မှာ မဟုတ်ပါဘူး။ ပြန်ဖွင့်မယ့်ရက် အတိအကျတော့ ပြောလို့မရသေးပါဘူး။ နှစ်ဦးနှစ်ဖက်အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ်''ဟု မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ Deputy Chief of Mission Dr. Sumit Sethက ပြောသည်။ 
-
အိန္ဒိယနိုင်ငံတွင် ပဲလက်ကျန်များများပြားစွာကျန်ရှိနေခြင်းကြောင့် ယခင်နှစ်အတွင်းအိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲများကို ကန့်သတ်ကုန် စည်အဖြစ်သတ်မှတ်ခဲ့ပြီး လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့်မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ကို ယာယီပိတ် ထားခြင်းဖြစ်၍ ပြန်လည်ခွင့်ပြုပေး သွားရန် နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပေးလျက်ရှိသည်။ 
-
လက်ရှိတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားတွင် သဘောတူညီချက်များဖြင့် ဆွေးနွေးနေမှုများစွာ ရှိနေပြီး မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ အစိုးရဘက်သို့ တောင်း ဆိုချက်မူကြမ်းကိုအိန္ဒိယအစိုးရသို့ တင်ပြထားမှုလည်း ရှိနေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား  ယခုထက်ပိုမို ကောင်းမွန်သည့် ပူးပေါင်းဆက်ဆံရေး နည်းလမ်း အသစ်များကို ကြိုးစား ဖော်ဆောင်လျက် ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger