www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

နေရောင်ပြအင်း ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် စုပေါင်းရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပ

နေရောင်ပြအင်း ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် စုပေါင်းရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင်တည်ထား ကိုးကွယ်သော နေရောင်ပြအင်း ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် စုပေါင်းရေစက်ချ မင်္ဂလာအခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရာပြည့်ရာကျော် တန်ဆောင်း၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် စေတီတော် တည်ဆောက်ရေး ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက   နေရောင်ပြအင်း ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း  ဆောင်ရွက်ကြသည်။ 
-
ထို့နောက် တက်ရောက်လာကြသူများက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီးဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်ကို နာယူကြသည်။ 
-
ဆက်လက်၍ စေတီတော် တည်ဆောက်ရေး ဥက္ကဋ္ဌ  ဦးသိန်းဇော်နှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှဝေးဝေကြသည်။ 
-
ထို့နောက် အလှူရှင်များက အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူကြပြီးနေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါနေရောင်ပြအင်း ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ အခမဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger