www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာ စေတီတော် ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်

ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာ စေတီတော် ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်ရှိ အောင်မင်္ဂလာ စေတီတော်ဘက်စုံပြုပြင် မွမ်းမံရွှေသင်္ကန်း ကပ်လှူရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊မိသားစုများတက်ရောက်ကြပြီးမြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တသောဘိတထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ 
-
ထို့နောက် အောင်မင်္ဂလာစေတီတော် ဘက်စုံပြုပြင် မွမ်းမံရန်အတွက် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော ရွှေသင်္ကန်း ၁ ဂါလန်ပုံး ၁ဝ ပုံး၊ ဘိလပ်မြေ ၁၄ဝ အိတ်၊ ကျောက်စရစ် ၁ဝ ကျင်း၊ သဲ ခြောက်ကျင်းနှင့် လှူဖွယ်ပစ္စည်းများ အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ဘူးသီးတောင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက အောင်မင်္ဂလာ စေတီတော်ရင်ပြင်တော်နှင့် ကျောင်းတိုက်အတွင်း စုပေါင်းလုပ်အားဒါနများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger