www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၁ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ (၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ အကြိုပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့သိုင်း ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။ 
-
အဆိုပါတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တို၊ ပန်ကြပ်ဆီလပ်၊ ဓားတစ်လက်၊ ဓားနှစ်လက်နှင့် စွမ်းရည်ပြပြိုင်ပွဲများ ပါဝင်ပြီး အကြိုပြိုင်ပွဲများကိုတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ဇန်နဝါရီ ၈ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၉ သင်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ အားကစားရုံများတွင် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger