www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ   ၁ 
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် သင်တန်းများ၊ အားကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ ဆက်လက်ပြုလုပ်ရာသင်တန်းထူးချွန်ဆုနှင့် အားကစား ထူးချွန်ဆုရရှိသူ အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးနှင့် စိုက်ပျိုးမွေးမြူရေး အကောင်းဆုံးဆု ရရှိသူများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger