www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
မြစ်ကြီးနား  ဒီဇင်ဘာ  ၃
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့က ကြီးမှူး၍  ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စု လမ်းမကြီးရှိ   စိမ်းမြဧရာပန်းခြံရှေ့၌  တပ်မတော်ကို ထောက်ခံခြင်းနှင့်  ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း  သိရသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးဘရန်ရှောင်(ငြိမ်း) ဦးဆောင်သည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အင်အား ၄ဝဝ ဦးခန့်က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊   တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebookကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၃၈ ကြိမ် စုစုပေါင်း အင်အား ၇ဝ၁၂၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း   တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger