www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

အာဆီယံ တက္ကသိုလ်များ ရေကူး အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနီးကပ် စခန်းသွင်း လေ့ကျင့်လျက်ရှိ

အာဆီယံ တက္ကသိုလ်များ ရေကူး အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနီးကပ် စခန်းသွင်း လေ့ကျင့်လျက်ရှိ
-
ရန်ကုန်   ဒီဇင်ဘာ  ၃ 
-
(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော်၌ ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် တက္ကသိုလ်ရေကူး ကစားသမားများအား အနီးကပ် စခန်းသွင်း လေ့ကျင်ပေးလျက်ရှိ ကြောင်းနှင့် လိုအပ်သော ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ရန်ကုန်မြို့ အိုလံပစ်ဟိုတယ်၌ ကျင်းပသော ရေကူး အားကစားပြိုင်ပွဲ ကျင်းပ ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ အသိပေး ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
-
အာဆီယံတက္ကသိုလ်များ ရေကူးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံ ရေကူးကန်၌ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ အပြည်ပြည်ဆိုင်ရာ စံနှုန်းများအတိုင်း ပွဲစဉ် စုစုပေါင်း ၄ဝ ကို တစ်ရက်လျှင် ရှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ ၂၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ၂၃ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ သုံးဦး၊ စင်ကာပူနိုင်ငံမှ နှစ်ဦးနှင့် မြန်မာနိုင်ငံမှ ၁၈ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မြန်မာနိုင်ငံ အနေဖြင့် တစ်ဦးချင်းပွဲစဉ် ၃ဝ နှင့် အသင်းလိုက် ပွဲစဉ် ခြောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
-
အဆိုပါ ရေကူးပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆု အတွက် ငွေကျပ် သိန်း ၃ဝ ၊ ငွေတံဆိပ်ဆု အတွက် ငွေကျပ် သိန်း ၂ဝ နှင့် ကြေးတံဆိပ် ဆုအတွက် ငွေကျပ် ၁ဝ သိန်း ပေးအပ်မည်ဖြစ်သည်။
-
မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့်   ရေကူး အားကစားသမားများကို  ဇူလိုင် ၂၁  ရက်နှင့်  ၂၂  ရက်တို့တွင် တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲ ကျင်းပပြီး   စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ခုနစ်ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger