www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၅ 
-
ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၃၃၅ ဦးအား သဗြုချိုင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၃၇ ဦး၊ ခွဲစိတ်ရောဂါ ၁၅၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ဝ ဦး၊ ကလေးရောဂါ ၁၂၈ ဦး၊ အရိုးရောဂါ ၇၂ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၉၁ ဦး၊ မျက်စိရောဂါ ၁၇၈ ဦးနှင့် သွားရောဂါ ၂၂၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝ၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၁ ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၁၄၇ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ ၆၉ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၃၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၃၉ ဦးအား ဆေးရုံရေ ယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger