
-
နေပြည်တော် ဒီဇင်ဘာ ၁၀
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ ၏ ၀ူရှူးပြိုင်ပွဲ၊ ရိုးရာခြင်းလုံး (Event-2) ၊ ကြက်တောင် ရိုက်ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲနှင့် ဘောလုံး အားကစား ပြိုင်ပွဲ တို့ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ၀ဏ္ဏသိဒိ္ဓ အားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားရုံ အသီးသီး၌ ယှဉ်ပြိုင် ကစားကြသည်။
-
ဝူရှူး အားကစားပြိုင်ပွဲ(ဆန်းဆို၊ ထောက်လု)ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်သည့် အမျိုးသား ထောက်လု Taijiquan+ Taijijian ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို(မြန်မာ)က နှစ်ရက်ပေါင်းရမှတ် ၁၉ ဒသမ ၂၂ ဖြင့် ပထမ၊ ခန့်မင်းထက် (မြန်မာ) က နှစ်ရက်ပေါင်း ရမှတ် ၁၉ ဒသမ ၁၀ ဖြင့် ဒုတိယ၊ Bobie Valentinus Gunawan (အင်ဒိုနီးရှား)က နှစ်ရက်ပေါင်း ရမှတ် ၁၉ ဒသမ ၀၉ ဖြင့် တတိယ၊ အမျိုးသား ၅၂ ကီလိုတန်း ဆန်းဆို အတိုက်ပြိုင်ပွဲတွင်နိုင်းတန် (မြန်မာ) က ရွှေတံ ဆိပ်ဆု၊ အမျိုးသမီးထောက်လု Taijijian ပြိုင်ပွဲတွင် မြတ်နိုးအိမ် (မြန်မာ)က ပထမ၊ Chan Lu Yi (မလေးရှား) က ဒုတိ ယ၊ Vera Tan Yan (စင်ကာပူ)က တတိယ ရရှိခဲ့သည်။
-
ရိုးရာခြင်းလုံးပြိုင်ပွဲ Event (1) ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် လာအိုအသင်း လေးသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကြရာ ထိုင်းအသင်းက ပထမ၊ မလေးရှား အသင်း က ဒုတိယ၊ မြန်မာအသင်းက တတိယရရှိခဲ့သည်။ အလားတူ တင်းနစ်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကိုသက်ဆိုင်ရာ အားကစားကွင်း/ ရုံများ၌ ဆက်လက် ယှဉ်ပြိုင် ကစားကြသည်။
-
ထို့ပြင် ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ် အဖြစ် ထိုင်းအသင်းနှင့် မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်း အသင်းက မလေးရှား အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင် ရရှိသွားသည်။ ညနေပိုင်းတွင် မြန်မာအသင်း နှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာအသင်းက စင်ကာပူအသင်းကို ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိ သွားသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို လာအို၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား အသင်းတို့ ပတ်လည်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
-
မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ အနေဖြင့် ယနေ့ပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံ ဆိပ် တစ်ခုဖြင့် နိုင်ငံလိုက် ရပ်တည်မှုတွင် ပထမနေရာ၌ ရှိကြောင်း သိရသည်။
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment