
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံ၌ ဂုဏ်ထူးဆောင်ဆု လက်ခံရယူရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ်ဇာနည်ဝင်း (အငြိမ်းစား)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။
-
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး နှင့် ဗိုလ်ချုပ်ဇာနည်ဝင်း (အငြိမ်းစား)တို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment