www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

(၅၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာကွန်ဖရင့်/ အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် (၃၈)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ် အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ

(၅၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာကွန်ဖရင့်/ အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် (၃၈)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ် အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ  ကျင်းပခဲ့သည့် (၅၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာကွန်ဖရင့်/ အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် (၃၈)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များ အဖွဲ့ ဂါဗာနာဘုတ်အဖွဲ့ဝင်များ အစည်းအဝေးများ (The 54th SEACEN Governors- Conference/ High-Level Seminar and 38th Meeting of the SEACEN Board of Governors) သို့ တက်ရောက်ခဲ့သည်။
-
အဆိုပါကွန်ဖရင့်နှင့် အစည်းအဝေးများ၌  တိုးတက်လာသော နည်းပညာဆိုင်ရာ ပြောင်းလဲ မှုများနှင့် အနာဂတ်တွင် ငွေကြေးထုတ်ဝေမှု အပေါ် ၎င်းတို့၏ အကျိုးသက်ရောက်မှုများ၊ထွန်းသစ်စဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ရင်ဆိုင်ကြုံတွေ့ရသည့် ငွေကြေးဖောင်းပွမှုပေါ် အကျိုးသက်ရောက်သည့် အချက်များ၊ တံခါးဖွင့်ဝါဒ ကျင့်သုံးသည့် နိုင်ငံငယ်များတွင် တွေ့ကြုံရသည့် မူဝါဒဆိုင်ရာစိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အပိုင်းသုံးပိုင်းကို ဒေသတွင်း အတွေ့အကြုံများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
-
အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာ နာဘုတ်၏ သဘာပတိအဖြစ် သီရိလင်္ကာဗဟိုဘဏ် ဥက္ကဋ္ဌ Dr. Indrajit Coomaraswamy အား ရွေးချယ်ခဲ့ကြသည်။
-
မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၃  ရက်  နံနက်ပိုင်းက  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger