www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

မိုင်းပျဉ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၅ဝဝ ခန့်တန်ဖိုးရှိ အိုက်(စ်)များ ဖမ်းဆီးရမိ

မိုင်းပျဉ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၅ဝဝ ခန့်တန်ဖိုးရှိ အိုက်(စ်)များ ဖမ်းဆီးရမိ
-
နေပြည်တော်   ဒီဇင်ဘာ  ၎
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ နယ် တာကော်တံတား၌ လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၃ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်ခန့်တွင် ကွန်ဟိန်းမြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ထွန်းထွန်းမင်း(ဘ) ဦးအုန်းဖေ မောင်းနှင်လာသော NISSAN အမျိုးအစား ၁၂  ဘီးယာဉ် အမှတ် MDY  9B/---အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူပုံးနှစ်ပုံး အတွင်းမှ အိုက်(စ်) ၃ဝ ထုပ်(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၅ဝဝ ခန့်)နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မော်တော်ယာဉ်၊ အိုက်(စ်)များနှင့် အတူ ဖမ်းဆီးရမိသူအား မိုင်းပျဉ်းမြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger