www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကျင်းပ

ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့  ဆွေးနွေးပွဲကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ ၂ဝ 
-
မြန်မာ့ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာ  မိတ်ဆက်ဖြန့်ချိခြင်း အခမ်း အနားနှင့် အမျိုးသား အဆင့်ဆွေးနွေးပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ခြင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော် ရှိ Hotel Max ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးက  ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစု ပျိုးထောင်ခြင်းနှင့်ဖွံ့ဖြိုးတိုး တက်စေရန် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက်  ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြသော UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အခမ်းအနားအစီအစဉ်များတွင် ပါဝင် ခဲ့ကြသော ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ  သက်မွန်မြင့်၊ တေးသံရှင် အဆိုတော် ဟဲလေးတို့အား  ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားသည်။ 
-
ဆက်လက်၍ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံရာ၌   ကလေး များ၏ ရှေးဦး အရွယ်အစောပိုင်းကာလတွင် စောင့်ရှောက်မှုကို ပိုမို အာရုံစိုက်နိုင်မှ သာလျှင် လိုလားအပ်သော အခြေအနေထိ ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်း၊ ကလေးများကို စောင့်ရှောက်ခြင်းဖြင့် ကလေး၊  မိသားစု၊ ပတ်ဝန်းကျင်၊  တိုင်းပြည်အတွက် အကျိုးရရှိ လာမည်ဖြစ် ကြောင်း၊ အသက်အရွယ် အလိုက် ကလေးဖွံ့ဖြိုးမှုအထောက်အကူပြုသည့် ပစ္စည်းများကို ဒေသ ထွက်ကုန်များ အသုံးပြုလျက် ဈေးနှုန်းချိုသာပြီး တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက်  ယခု တက်ရောက် လာကြသော ECCD  Working Group Member များဖြစ်သည့် UNICEF ၊  ကမ္ဘောဇဘဏ်၊  Myanmar  Baptist ၊ Karen  Baptist  Convention၊ Save The Children Myanmar၊ ပန်းပျိုးလက်၊ PLAN  International၊ Volunteer Service Organization၊ The Leprosy  Mission Myanmar၊ Good Neighbour International စသည့် မိတ်ဖက်  အဖွဲ့ အစည်းများက  ပူးပေါင်းကူညီ ဆောင်ရွက်ကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဆက်လက်လုပ်ဆောင်လိုသည့် လုပ်ငန်းများကို ဆွေးနွေးကြ ကာ ရေရှည်တည်တံ့ ခိုင်မြဲသည့် လုပ်ငန်းစဉ်ဖြစ်ရေး ဆွေးနွေး အကြံပေးခဲ့ကြပြီး ပံ့ပိုးပေးခဲ့ကြသည့် အဖွဲ့အစည်းများကို ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းများ ပြန်လည် ပေးအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger