www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများ ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများ ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
ညောင်ဦး  နိုဝင်ဘာ  ၅ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၊  ငါ့သရောက်နှင့် ပုဂံမြို့ စစ်မှုထမ်းဟောင်းအဖွဲ့ ပူးပေါင်း၍  ယနေ့ နံနက် ၈ နာရီတွင် မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံးရှေ့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ညောင်ဦးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးအောင်မြင့်(ငြိမ်း) ဦးဆောင်၍ ညောင်ဦးမြို့၊ ငါ့သရောက်မြို့၊ ပုဂံမြို့တို့မှအမာခံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၈၅ ဦး၊ အရန်အဖွဲ့ဝင်ကျား/မ ၆၂ ဦး စုစုပေါင်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၄၇ ဦးက ညောင်ဦးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံးရှေ့၌ စုရပ်ပြုလုပ်၍ နိုင်ငံတော်အလံများ၊  စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ   တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကိုလုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော  ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏  မမျှမတတစ်ဖက်သတ် အစီရင်ခံစာကိုတို့လုံးဝလက်မခံ၊   ပြည်သူကိုချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာကို  အလိုမရှိဟူသော   ဗွီနိုင်း ဆိုင်းဘုတ် များကို ကိုင်ဆောင်၍  ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ၂ဝ၁၆ ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၁ဝ ကြိမ် စုစုပေါင်းအင်အား ၆၅၃၃၄၄ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံ ပွဲများ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger